မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁)တွင် ရခိုင်ယူနိုက်တက် အသင်းက ကချင်ယူနိုက်တက်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁)တွင် ရခိုင်ယူနိုက်တက် အသင်းက ကချင်ယူနိုက်တက်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

ရန်ကုန်  ဒီဇင်ဘာ  ၂

    မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁)အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်း၌  ရခိုင်ယူနိုက်တက် အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရခိုင်ယူနိုက်တက် အသင်းကနှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းလုံး အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၉ မိနစ်တွင်ပင် ထရာအိုရေးက ရခိုင်ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကချင်ယူနိုက်တက် အသင်းကလည်း   ချေပဂိုးအတွက် အခွင့်အရေးရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း မသေချာမှုများကြောင့် ပထမပိုင်းအပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက တစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင် ချိန်တွင် ကချင်ယူနိုက်တက် အသင်း၏ ချေပဂိုးနှင့် အနိုင်ဂိုးများအတွက် ပြန်လည်တိုက်စစ်ဆင် ဖိအားပေးမှုများကြောင့် ပထမပိုင်းကထက် ပိုမိုအကြိတ်အနယ်ရှိခဲ့သော်လည်း ပွဲချိန် ၄၉ မိနစ်တွင် ကောင်းစည်သူက ရခိုင်ယူနိုက်တက် အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် နှစ်သင်းလုံး ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရခိုင်ယူနိုက်တက်အသင်းက ကချင်ယူနိုက်တက် အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါပွဲစဉ်အတွက်   အကောင်းဆုံး ကစားသမားဆုကို ရခိုင်ယူနိုက်တက် အသင်း ခံစစ်ကစားသမားသူရ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁)အဖြစ် ဒီဇင်ဘာလ ၃ ရက်(ယနေ့)ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ GFA   အသင်းနှင့် ဒဂုံစတားအသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။