ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကျင်းပ ပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၃ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ယနေ့နံနက် ပိုင်းတွင် ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသင်တန်း ကျောင်းမှ လူငယ်မောင်မယ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂမှ ပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip များအား ပြသကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မသန်စွမ်းသင်တန်းကျောင်းများမှ ဖျော်ဖြေရေးအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေရေး အဖွဲ့များနှင့် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှုပြိုင်ပွဲ များတွင် ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှုအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သင်တန်းကျောင်းများမှ ခင်ကျင်းပြသထားသည့် ဓာတ်ပုံ၊ ပန်းချီနှင့် အိမ်တွင်းသက်မွေးမှု ပညာလက်ရာမွန် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။