နိုင်ငံတော်ကာကွယ်ရေးတာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာ

 

နိုင်ငံတော်ကာကွယ်ရေးတာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာ

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၃

    တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် အကြမ်းဖက်လက်နက် ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ချေမှုန်းတိုက်ခိုက် လျက်ရှိရာ နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည် တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်များက ဆက်သွယ် တင်ပြလာမှုများအရ သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင်ရန်ဆန္ဒပြုသည့် သာမန်ပြစ်မှု ကျူးလွန်သူ တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။