AA အကြမ်းဖက်အဖွဲ့က မြောက်ဦးမြို့နယ်အတွင်းရှိ ရုံး/ဌာနပိုင် မော်တော်ယာဉ်များအား အတင်းအဓမ္မ လာရောက်ယူဆောင်

 

AA အကြမ်းဖက်အဖွဲ့က မြောက်ဦးမြို့နယ်အတွင်းရှိ ရုံး/ဌာနပိုင် မော်တော်ယာဉ်များအား အတင်းအဓမ္မ လာရောက်ယူဆောင်

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၃

     အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေ ရန်နှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန် ရည်ရွွယ်၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊မြို့၊ရွာများ၊ ပညာရေးကျောင်း များ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နိုင်ငံတော်ပိုင် ပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ နိုင်ငံဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ ပြည်သူများအားလည်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် ဖြင့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ AA အကြမ်းဖက်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၂ စီးအားလည်းကောင်း၊ နိုင်ဝင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်စီမံခန့်ခွဲရေးရုံးရှိ ဌာနပိုင် မော်တော် ယာဉ် ၃ စီးတို့အားလည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦး-စစ်တွေ ကားလမ်းမကြီးဘေးရှိ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မော်တော်ယာဉ် ၂ စီးအားလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦးမြို့ ခရိုင်သာသနာရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် ၁ စီး အားလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲခန့်တွင် မြောက်ဦးမြို့ ခရိုင်ရွေးကောက်ပွဲရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၁ စီး၊ စုစုပေါင်း မော်တော်ယာဉ် ၉ စီး အား  လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ အတင်းအဓမ္မ လာရောက်ယူဆောင်သွား ခဲ့ကြောင်း သိရှိရသည်။

     AA အကြမ်းဖက်အဖွဲ့အနေဖြင့် အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံတော်ပိုင် ပစ္စည်းများအား ယခုကဲ့သို့ အတင်းအဓမ္မလာရောက်ယူဆောင်ခြင်းဖြစ်ပြီး ဒေသတွင်းတည်ငြိမ်  အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူလူထုတို့၏ လူမှု စီးပွားဘဝများစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင် ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။