အသက် ၂၅ နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 

အသက် ၂၅ နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 

စဉ့်ကိုင်  ဒီဇင်ဘာ  ၃

    မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်၂၅ နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲကို ဒီဇင်ဘာလ ၂ ရက်တွင် မြို့နယ်ဘောလုံးကွင်း၌ ကျင်းပသည်။

အဆိုပါဗိုလ်လုပွဲတွင် SES  အသင်းနှင့် Master Max အသင်းတို့ ယှဉ်ပြိုင်ကြရာ  SES အသင်းက Master Max အသင်းကို ၄ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။ ဆက်လက်၍ ဆုပေးအပ်ပွဲကို ကျင်းပရာ အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊    ရှေ့တန်း အကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆု၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု၊ အသန့်ရှင်းဆုံး အားကစားသမားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ကြသည်။

ယင်းနောက် တတိယဆု   ငွေကျပ်တစ်သိန်းနှင့် ဆုဆွဲပြားကို ရွှေပေလိပ်အသင်း အုပ်ချုပ်သူနှင့်  အားကစားသမားများထံ ပေးအပ်သည်။ ဆက်လက်၍    ဒုတိယဆုငွေကျပ် နှစ်သိန်းနှင့် ဆုဆွဲပြားကို Master Max အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ပြီး ပထမဆုငွေကျပ် သုံးသိန်းနှင့် တံခွန်စိုက်ဒိုင်းဆုကို တာဝန်ရှိသူများက  အသီးသီးပေးအပ်ရာ အားကစားသမားများက လက်ခံရယူကြသည်။

အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၁၅ ရက်မှစတင်၍ အုပ်စုနှစ်စုခွဲကာ ပြိုင်ပွဲဝင်ကလပ် အသင်းရှစ်သင်းဖြင့် ကျင်းပကြောင်း သိရသည်။