မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံစတားအသင်းက GFA အသင်းကို ဂိုးပြတ်အနိုင်ရရှိ
ရန်ကုန် ဒီဇင်ဘာ ၃
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁)အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ဒဂုံစတား အသင်းနှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံစတားအသင်းက ၄ ဂိုး-၁ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ဒဂုံစတားအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု အသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်နှင့် ၃၅ မိနစ်တွင် ညီညီအောင်က လည်းကောင်း၊ ပွဲချိန်မိနစ် ၄၀ တွင် သက်ပိုင်စိုးက လည်းကောင်း ဒဂုံစတားအသင်း အတွက် ဦးဆောင်ဂိုးများ သွင်းယူပေးနိုင်ခဲ့ သည့်အတွက် ပထမပိုင်းအပြီးတွင် ဒဂုံစတား အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း GFA အသင်းက ချေပဂိုးများ အတွက် ပြန်လည်တိုက်စစ်မြှင့်ဖိအားပေး ကစားရန်ကြိုးစားခဲ့သော်လည်း အဆုံးသတ် ပိုင်းအားနည်းမှုများကြောင့် သွင်းဂိုးများ ရရှိခဲ့ခြင်းမရှိခဲ့ဘဲ ပွဲချိန် ၅၈ မိနစ်တွင် ဝေယံဖြိုးက ဒဂုံစတာအသင်းအသင်း အတွက် စတုတ္ထဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သည်။ ဒဂုံစတားအသင်းက လေးဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲကိုထိန်းချုပ် ကစားခဲ့ပြီး ကစားအားအနည်းငယ် ကျဆင်းခဲ့ရာမှ ပွဲချိန် ၇၂မိနစ်တွင် ဟိန်းသက်ဖြိုးက GFAအသင်းအတွက် တစ်လုံးတည်းသော ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဒဂုံစတားအသင်းက GFA အသင်း ကို ၄ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဒဂုံစတားအသင်းနှင့် ခြေစွမ်းပြသပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး ညီညီအောင် ဆွတ်ခူးနိုင် ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁) အဖြစ် နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲ တွင် ရန်ကုန်မြို့ှဃ အားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် မဟာယူနိုက်တက် အသင်း၊ ညနေ ၄နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ရတနာပုံအက်ဖ်စီ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားသွားမည် ဖြစ်ကြောင်း သိရသည်။