မြိတ်မြို့တွင် နေ့စားခပေးပြီး တပ်ထောက်ခံပွဲပြုလုပ် ဟု DVB TV News မှ သတင်းတု သတင်းအမှားများ ရေးသားဖြန့်ဝေ

မြိတ်မြို့တွင် နေ့စားခပေးပြီး တပ်ထောက်ခံပွဲပြုလုပ် ဟု DVB TV News မှ သတင်းတု သတင်းအမှားများ ရေးသားဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်

   “တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဒီဇင်ဘာ ၃ ရက်နေ့၌ ကျင်းပပြုလုပ်သော တပ်မတော် ထောက်ခံပွဲတွင် နေ့စားခပေးသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ နိုင်ငံနှင့် တပ်မတော်အပေါ် ချစ်မြတ်နိုးသည့် မျိုးချစ်အဖွဲ့များမှ အင်အား ၂၀၀၀ ခန့်ဖြင့် တပ်ထောက်ခံပွဲအား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” သက်ဆိုင်ရာ တပ်ထောက်ခံပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။