(၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ကိုးခု ရရှိခဲ့သည့် အောင်ပွဲရ မြန်မာဗိုဗီနမ် အားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဂုဏ်ပြုကြိုဆို

 

 (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ကိုးခု ရရှိခဲ့သည့် အောင်ပွဲရ မြန်မာဗိုဗီနမ် အားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဂုဏ်ပြုကြိုဆို

 

နေပြည်တော် ဒီဇင်ဘာ ၄

    ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့၌  နိုဝင်ဘာလ ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် 7th World Vovinam Championships ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့်   မြန်မာဗိုဗီနမ်အားကစား အဖွဲ့သည် ဒီဇင်ဘာလ၂ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင် ရန်ကုန်သို့  ပြန်လည်ရောက်ရှိကြရာ  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့်  မိဘဆွေမျိုးများက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ မြန်မာဗိုဗီနမ် အားကစားအဖွဲ့မှ   Pair Machete Form Male    ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့်  ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်တစ်ခု၊ ၅၁ ကီလိုတန်း(အတိုက်) ပြိုင်ပွဲတွင် နှင်းသက်ဝေက ရွှေတံဆိပ်တစ်ခု၊ Four Element Staff Formပြိုင်ပွဲတွင် တင်ထူးဇော်က ငွေတံဆိပ် တစ်ခု၊ 3 Male? 3 Female ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်နှင့် အိန္ဒြေဖူးတို့အတွဲက  ငွေတံဆိပ်တစ်ခု၊ Ying Yang  Sword  Form Female ပြိုင်ပွဲတွင်  မေဟန်နီအောင်လွင် က ငွေတံဆိပ် တစ်ခု၊ ၅၄ ကီလိုတန်း(အတိုက်)  ပြိုင်ပွဲတွင် မင်းမင်းထိုက်က ကြေးတံဆိပ် တစ်ခု၊ Female  Staff Defense ) ပြိုင်ပွဲတွင် အောင်ခိုင်လင်း နှင့်ချစ်နိုဒီဆောင်းတို့ အတွဲက ကြေးတံဆိပ် တစ်ခု၊ Pair Sword Form Male ပြိုင်ပွဲတွင် တင်ထူးဇော်နှင့် ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊  Ying Yang Sword Form Male ပြိုင်ပွဲတွင် ဟိန်းထက်အောင်က ကြေးတံဆိပ်တစ်ခု၊ Male Ying Yang Sword Form Team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Male multiple training -01male athlete defends against 03 others with weapon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊    ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့ အတွဲက ကြေးတံဆိပ်တစ်ခု၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းက ကြေးတံဆိပ်တစ်ခု၊ One female athlete defense against 3 male athlete with weaponပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော်နှင့် ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး မြန်မာဗိုဗီနမ်အသင်းအနေဖြင့် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ကိုးခု စုစုပေါင်းဆုတံဆိပ် ၁၄ ခု ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။