အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်တွင် အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံ

 

အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်တွင် အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံ

 

 အက်ဖ်အေဖလားပြိုင်ပွဲ    တတိယအဆင့် ပွဲစဉ်များအတွက် မဲခွဲမှုအပြီးတွင်   ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများဖြစ်သည့်  အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်တွင် စတုတ္ထ အဆင့်မှတက်ရောက် လာသည့်အသင်းများနှင့် ပရီးမီး ယားလိဂ်မှ ကလပ်အသင်းများ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး မဲခွဲမှုအပြီးတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်း အနေဖြင့် ချန်ပီယံရှစ်ကလပ် ဟတ်ဒါးဖီးလ်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်အတွက် မဲခွဲမှုအပြီးတွင် တခြားပွဲစဉ်များအဖြစ် လူတန်နှင့်ဘော်လ်တန်အသင်း၊ ရှရီဘူရီနှင့် ဝရက်ဇ်ဟမ်းအသင်း၊ စတုတ် စီးတီးနှင့် ဘရိုက်တန်အသင်း၊  နောဝှစ်ချ်နှင့် ခရူဝီလ် အသင်းနှင့်  ဘရစ္စတိုးရိုဗာအသင်းတို့မ ှအနိုင်ရရှိမည့် အသင်း၊ ဝက်စ်ဟမ်းနှင့် ဘရစ္စတိုးစီးတီး အသင်း၊  စပါးနှင့် ဘန်လေအသင်း၊   ဖူလ်ဟမ်နှင့် ရိုသာဟမ်အသင်း၊ ဝက်စ်ဘရွန်းနှင့် အယ်ဒါရှော့နှင့် စကော့ပေါ့လ်တို့မှ အနိုင်ရရှိမည့်အသင်း၊ ဆောက်သမ်တန်နှင့် အယ်ဖာ တန်နှင့်ဝါဆောတို့မှ အနိုင်ရရှိမည့်အသင်း၊ အစ်ဝှစ်ချ် နှင့် ဝင်ဘယ်ဒန်နှင့် ရမ်ဂိတ်တို့မှအနိုင်ရရှိမည့်အသင်း၊  ပီတာဘရော့နှင့် လိဒ်အသင်း၊ မီဝေါလ်နှင့်လက်စတာ အသင်း၊ ဝက်စ်ဖို့ဒ်နှင့် ချက်စတာဖီးလ်နှင့်လိုင်တန်တို့မှ အနိုင်ရရှိမည့်အသင်း၊ ဆန်းဒါးလန်းနှင့်နယူးကာဆယ် အသင်း၊ ရှက်ဖီးလ်ဝင်းနှင့်ကာဒစ်အသင်း၊ ပဲလေ့စ်နှင့် အဲဗာတန်အသင်း၊ မစ်ဒယ်ဘရော့နှင့် အက်စ်တွန်ဗီလာ အသင်း၊ နော်တင်ဟမ်နှင့် ဘလက်ပူးနှင့်ဖောရက်ဂရင်း တို့မှအနိုင်ရရှိမည့်အသင်း၊ ဝီဂန်နှင့် မန်ယူအသင်း၊ ဘလက်ဘန်းနှင့်ကမ်းဘရစ်အသင်း၊  ဂယ်လင်ဟမ်နှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်း၊  ဆွမ်ဆီးနှင့် မိုကမ်ဘီ အသင်းတို့ တွေ့ဆုံခဲ့ကြသည်။

အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။