တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၆

     ၂၀၂၂-၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက် ရောက်ကြသည်။

     ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်း များ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို  ကြည့်ရှုအားပေးကြသည်။

      အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၁ သင်းဖြင့် ဒီဇင်ဘာလ ၂၉ ရက်ထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။