ရွှေကျင်မြို့နယ်မှ ဒေသခံပြည်သူ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး သတ်ဖြတ်ဟု သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

 

ရွှေကျင်မြို့နယ်မှ ဒေသခံပြည်သူ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး သတ်ဖြတ်ဟု သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာလ ၆ ရက်

     ကရင်ပြည်နယ်၊ ရွှေကျင်မြို့နယ်၊ မယ်ဝေါခီးကျေးရွာမှ ဒေသခံပြည်သူ ၂ ဦးအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်၌ မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည် ကို တွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံတစ်ဦးတို့အား ဆက်သွယ် မေးမြန်းချက်များအရ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဆိုပါကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုမရှိကြောင်း၊ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့များသာ ရံဖန်ရံခါ ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ၎င်းတို့၏ တောင်းဆိုမှုများ ရရှိခြင်းမရှိပါက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း သိရှိ ရသည်။

    တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် နှင့် မြေပြင်ဖြစ်စဉ်သတင်းမှန်များကို ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် ပြည်သူ များကို သတင်းအဆိပ်ခတ်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။