ရခိုင်သတင်းဌာနများ၏ သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်း ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရမှ ယနေ့ထုတ်ပြန်သည်ဟု သတင်းတု၊ သတင်းအမှားများ လူမှုကွန်ယက်စာမျက်နှာတွင် တရားမဝင်ပြည်ဖျက်မီဒီယာ The Irrawaddy က မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာလ ၆ ရက်

    ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများက ရေးသားဖော်ပြနေသည့် သတင်း များအပေါ် လူမှုကွန်ရက်စာမျက်နှာမှတဆင့် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ တဆင့် ပြန်လည် ကူးယူဖော်ပြခြင်းများ ပြုလုပ်သူများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ဖြင့် ရခိုင်ပြည်နယ်အစိုးရက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် The Irrawaddy သတင်းဌာနက လူမှုကွန်ယက်စာမျက်နှာများ တွင် မဟုတ်မမှန်ရေးသားဖြန်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

   ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံသို့ ဆက်သွယ်မေးမြန်းချက် အရ အဆိုပါ သတင်းအား ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာ များအနေဖြင့် အစိုးရ၏ လုပ်ငန်းယန္တရားလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေရန်နှင့် ပြည်သူလူထုအား အထင်အမြင်လွဲမှားစေပြီး အထိတ်တလန့်ဖြစ်စေရန်အတွက် အခြေအမြစ်မရှိ လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းအတု၊ သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရသည်။