နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၆

၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

 အစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ် နှင်းရန် စိစစ်ရေးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများ၊ ကာကွယ်ရေး ဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအ ဝေးသည် ၂၀၂၄ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် စိစစ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ ဖြိုးတိုး တက်သောနိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံတော်အတွက် ထူးကဲစွာ ဘာသာသာသနာ့အကျိုးဆောင်ရွက်ခဲ့ကြသည့် သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ် များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်ရာတွင် မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ ကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ဝန်ထမ်း များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားကြမည်ဖြစ် ကြောင်း။      

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံ က မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက် ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ၊ သံတမန် များနှင့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရာ၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊  ရပ်ရွာ အေး ချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ နှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီအောင်မြင်စွာ တီထွင် ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြား ကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များအား  ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်နိုင်ရေးကို ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်သွားမည်ဖြစ်ကြောင်း။

အလားတူ သာသနာတော်ဆိုင်ရာဘွဲ့တံတော်များနှင့်ပတ်သက်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၅ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၅/ ၂၀၁၅) သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ် တော်များ ပြဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းတို့ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့များက ပဏာမစိစစ်ဆောင်ရွက်ပြီးဖြစ် သည်ဟု သိရှိရကြောင်း၊ ဆက်လက်၍လည်း အသေးစိတ်စိစစ်ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။

ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ကြသောပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာပညာရပ်ဖြင့် နိုင်ငံတော်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုကြသည့် ပုဂ္ဂိုလ်များနှင့် ညွှန်ကြားရေးမှူးချုပ်လုပ်သက် (၃)နှစ်၊ (၅)နှစ် ပြည့်မီသော ညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူ အရာရှိကြီးများအား  စွမ်းဆောင်မှု ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးကို ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်ကို ဖြည့်စွက် ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကိုထူးကဲစွာအကျိုးပြုသည့် ဂုဏ်ပြုချီးမြှင့်ထိုက်သူ သာသနာ့ အာဇာနည်များ၊ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင် တံဆိပ်များ၊ ဘွဲ့တံဆိပ်များ စနစ်တကျ စိစစ်ပြီး ချီးမြှင့်မည့်အပြင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ထိခိုက်/ဒဏ်ရာရ၊ သေဆုံး/ ကျဆုံးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေး အတွက်ကိုလည်း ယခုအစည်းအဝေးတွင် ထည့်သွင်းစိစစ် သွားမည်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင် ပဏာမစိစစ်ရေးအဖွဲ့အစည်းအဝေး၌ ဆွေးနွေးဆုံး ဖြတ်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ထပ်မံစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာ စာထုတ်ပြန်ပြီး ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း။

နှစ်စဉ်ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ချီးမြှင့်အပ်နှင်းလျက်ရှိသော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်များနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပဏာမစိစစ်ပြီး တင်ပြလာသည့် ချီးမြှင့်သင့် ချီးမြှင့်ထိုက်သော သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်များ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်နိုင်ရေး နှင့် ရရှိသင့်ရရှိ ထိုက်သောပုဂ္ဂိုလ်များ မကျန်ရှိစေရေးတို့အတွက် ချီးမြှင့် အပ်နှင်းခံ ရမည့်ပုဂ္ဂိုလ်များ၏ အရည်အချင်းမှာ သားစဉ်မြေးဆက် ဂုဏ်ယူဝံ့ကြွားနိုင်သော ထိုက်တန်သည့် စွမ်းဆောင်ရည်များကိုသာ ချီးမြှင့်ခြင်းမျိုးဖြစ်စေရေး ဝိုင်းဝန်းဆွေး နွေးပေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စိစစ်ရေးအဖွဲ့ဉက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၊ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ၊ စည်ပင်သာယာရေးကော်မတီများဖြင့် ကြိုတင်စိစစ်ရေးအစည်းအဝေးများ၊ ပဏာမ စိစစ်ရေးအဖွဲ့ အစည်းအဝေး များကျင်းပ ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် တိုးရီက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့် အပ်နှင်းနိုင်ရေးစိစစ်ဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုင်ရာစွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး အတွက် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် (၁)နှစ်တာအတွင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ တပ်မတော်ဆိုင်ရာစွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် များချီးမြှင့် အပ်နှင်းနိုင်ရေး နှင့်စပ်လျဉ်း၍လည်းကောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များဆက်ကပ်ချီးမြှင့်နိုင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း စိစစ်ဆောင် ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်အပ်နှင်း ရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း ၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။