၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၆

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစား ပွဲတော်အား ဒီဇင်ဘာလ ၅ ရက်မှ ၁၆ ရက်အထိ နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံများနှင့် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်းတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး အားကစားနည်း များအလိုက် ဆက်လက် ယှဉ်ပြိုင်ကစားကြ သည်။

    ယနေ့နံနက် ၇ နာရီတွင် လယ်ဝေး အားကစားလေ့ကျင့်ရေး စခန်း၌ ပြေးခုန်ပစ် ပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်အဖြစ် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီးမီတာ ၈၀၀ အပြေး ပြိုင်ပွဲ၊ အမျိုးသားအလျားခုန်ပြိုင်ပွဲ၊ အမျိုး သမီးမီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲနှင့် အမျိုးသားမီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီးမီတာ ၃၀၀၀ အပြေးပြိုင်ပွဲတွင် မစုနှင်းဝေ(မကွေး)က ပထမ၊ မမီမီဟန်(ရန်ကုန်)က ဒုတိယ၊ မကြယ်စင်သန့်(မန္တလေး)က တတိယရရှိ ကြသည်။ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် မပြည့်ဖူးဝေ(ကချင်)က ပထမ၊ မနှင်းအိအောင် (မကွေး)က ဒုတိယ၊ မစိုးစန္ဒာထက် (ဧရာဝတီ)က တတိယရရှိကြသည်။ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မောင်သက် အောင်(မန္တလေး)က ပထမ၊ မောင်နက်ရှိုင်း (တနင်္သာရီ)က ဒုတိယ၊ မောင်ထက်စိုးခန့် (ကရင်)က တတိယရရှိကြသည်။ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မမေနွယ်ထွန်း (မကွေး)က ပထမ၊ မပြည့်ပြည့်(တနင်္သာရီ)က ဒုတိယ၊ မဝေနှင်းဦး(ရှမ်း)က တတိယ ရရှိကြသည်။ အမျိုးသားအလျားခုန်ပြိုင်ပွဲ တွင် မောင်ဇော်လင်းထက်(ဧရာဝတီ)က ပထမ၊  မောင်နှိုင်းဆက်ထွန်း(ကချင်)က ဒုတိယ၊ မောင်အောင်ခန့်သူ(မန္တလေး)က တတိယရရှိကြသည်။ အမျိုးသမီးမီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်း ဒေသကြီးက ပထမ၊ မကွေးတိုင်းဒေသ ကြီးက ဒုတိယ၊ ကချင်ပြည်နယ်က တတိယရရှိ ကြသည်။ အမျိုးသားမီတာ ၁၀၀ လက်ဆင့် ကမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက ပထမ၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယ၊ မကွေးတိုင်းဒေသကြီးက တတိယရရှိကြရာ  ပြိုင်ပွဲများအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိ သူများက ဆုများကို အသီးသီး ချီးမြှင့်ပေးကြသည်။

    ထို့ပြင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Boxing  အားကစားခန်းမ၌ ကျင်းပသည့် အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ရန်ကုန်က မန္တလေးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီက စစ်ကိုင်းအသင်းကို ၂  ပွဲပြတ်ဖြင့် လည်းကောင်း၊  တနင်္သာရီအသင်းက နေပြည်တော်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက   ကရင်ပြည်နယ်အသင်းကို  ၂ ပွဲပြတ်ဖြင့် လည်းကောင်း  အသီးသီးအနိုင်ရရှိကြသည်။  အမျိုးသားပိုက်ကျော်ခြင်း ပွဲစဉ်တွင် ရန်ကုန်က ကချင်အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီက မကွေးကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းက ရှမ်းပြည်နယ်အသင်းကို  ၂  ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးက ပဲခူးအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

    ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပ သည့် အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲ တွင် နေပြည်တော်က မွန်ပြည်နယ်အသင်း ကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ကချင်က ကရင်ကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရှမ်းက မန္တလေးကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်က စစ်ကိုင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြပြီး  အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ကရင်က စစ်ကိုင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်က ကချင်ကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ နေပြည်တော်က တနင်္သာရီကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊  ဧရာဝတီက ရှမ်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (A)ရုံ၌ကျင်းပသည့်  အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲတွင်  တနင်္သာရီက မန္တလေးကို ၃  ပွဲပြတ်ဖြင့် လည်းကောင်း၊  မကွေးက ရန်ကုန်ကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အနိုင် ရရှိကြပြီး အမျိုးသားပြိုင်ပွဲတွင် မန္တလေးက ဧရာဝတီကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းက မကွေးကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။ စားပွဲတင် တင်းနစ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်တွင် ပဲခူးက နေပြည်တော်ကို ၃ပွဲ ၁ပွဲဖြင့် လည်းကောင်း၊ ကချင်က ကရင်ကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်က ဧရာဝတီကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းက မကွေးကို ၃ ပွဲ ၂ ပွဲဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြပြီး အမျိုးသမီးပွဲစဉ်တွင် ဧရာဝတီက နေပြည်တော်ကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ကရင်က တနင်္သာရီကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊  စစ်ကိုင်းက ရန်ကုန်ကို ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း၊ ပဲခူးက မန္တလေးကို ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

    အမျိုးသားဘောလုံးပြိုင်ပွဲတွင် မန္တလေးက တနင်္သာရီကို ၄ ဂိုး ၄ ဂိုးဖြင့် သရေကျပြီး ကချင်က မွန်ကို ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ရှမ်းက မန္တလေးကို ၄ ဂိုးပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီက ကချင်ကို ၄ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြကြောင်း သိရသည်။