စစ်ဆင်ရေးကွပ်ကဲရေးမှူး တစ်ဦး တိုက်ပွဲကျခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

စစ်ဆင်ရေးကွပ်ကဲရေးမှူး တစ်ဦး တိုက်ပွဲကျခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာလ ၈ ရက်

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသတိုက်ပွဲများတွင် တပ်မတော်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းသည် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီဟု တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit မီဒီယာ အပါအဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်၌ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ဗိုလ်မှူးချုပ် အောင်ဇော်လင်း သည် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၏ စစ်ဆင်ရေးတာဝန်များကို  ကွပ်ကဲကြပ်မတ်လျက်ရှိကြောင်းနှင့်  တရားမဝင် ပြည်ဖျက်မီဒီယာများက  တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် တိုက်ပွဲဝင် တပ်မတော်သားများ စိတ်ဓာတ်ကျဆင်းစေရန် အတွက်လည်းကောင်း၊ တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွှဲမှားစေရန်နှင့် ယုံကြည်မှုလျော့နည်းစေရန် အတွက်လည်းကောင်း ရည်ရွယ်ချက်ရှိရှိဖြင့်  လုပ်ကြံဝါဒ ဖြန့်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။