မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဒီဇင်ဘာ ၇
မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ အုပ်စု နန့်စီးအောင်ကျေးရွာ အနီးတွင် နဌဏျွနှ ခရီးသည်တင် မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မယွန်းဝါ (ခ) မဝါထံမှ ဘိန်းဖြူ ၃ ဒသမ ၃ ကီလိုကို လည်းကောင်း၊ အလားတူ ယင်းနေ့နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ကြာနီ ကန်ကျေးရွာအုပ်စု ကြာနီကန်ကျေးရွာအနီးတွင် EXPRESS အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မစက်ညွန့်(ခ)မိချောနှင့် မစုစုမာတို့ထံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုကို လည်းကောင်း၊ ထို့အတူ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ရပ်စောက်မြို့နယ် မန်ကျည်းကုန်း ကျေးရွာအုပ်စု ကြာအင်းကျေးရွာအနီး တွင် မောင်မောင်တင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀ ကိုလည်း ကောင်း၊ ဒီဇင်ဘာလ ၆ ရက် နံနက် ၁၁ နာရီ တွင် ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့ မြို့ဦး ရပ်ကွက် ရွှေညောင်-ရပ်စောက်သွားကား လမ်းတွင် သော်တာမောင်းနှင်ပြီး မနွဲ့ကြည် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သတင်းရရှိသည်။