တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၈

    ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်း(အင်းလျားကန်)၌ ပြုလုပ်ရာ ရေတပ် သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တက္ကသိုလ်များ လှေလှော်အသင်းတို့မှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

     ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဌာနချုပ်မှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှု များကို ကြည့်ရှုအားပေးကြသည်။

    ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း၊ ဒိုင်းဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းအား  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဌာနချုပ်မှူးက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။