တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း/ရေ/လေ) ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း/ရေ/လေ) ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၈ ရက်

     ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း/ရေ/ လေ) ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ် ရေကူးကန်၌ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ကွပ်ကဲမှု ဌာနချုပ်မှူး နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

     ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ် မှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်း များ၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

    ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း၊ ဒိုင်းဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သတင်းရရှိသည်။