စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသည့် အဘိုး/အဘွားများအား ထောက်ပံ့ငွေများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသည့် အဘိုး/အဘွားများအား ထောက်ပံ့ငွေများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရပ်သာတွင် နေထိုင်လျက်ရှိသည့် အဘိုး/အဘွားများကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ဦးစွာ ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌက ဘိုးဘွားရိပ်သာရှိ အဘိုး/အဘွား ၄၂ ဦး၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူး က အဘိုး/အဘွားများ အား ဂါဝရပြု နှုတ်ဆက်စကားပြောကြားပြီး ထောက်ပံ့ငွေများ၊ အာဟာရဖြည့်စား သောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ၎င်းနောက် အဘိုး/ အဘွားများ ကိုယ်စား အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့က ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။