အောင်မြေသာစံမြို့နယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်းရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

အောင်မြေသာစံမြို့နယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်းရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ  ၉ ရက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျောင်းထိုင်ဘုန်းတော် ကြီးသင်တန်းကျောင်းရှိ သံဃားတော်များအား ယနေ့နံနက်ပိုင်းတွင် အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က ဖျားနာရောဂါ၊  အဆစ်အမြစ်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၆၆ ပါးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံး သွေးကြောရောဂါစမ်းသပ်ပေး ခြင်း၊ တီဗွီဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/ သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများကို နယ်မြေခံ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေး တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။