ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၉

အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှုများ ပြတ် တောက်စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိနေသော ကားလမ်း များ၊ တံတားများအားမီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ထန်းကုန်း(တောင်)ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း ကားလမ်းမိုင်တိုင်အမှတ် ၁၄၂ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ သရက်ဆိပ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်း ဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အလျား ၂၄ ပေ၊ အကျယ် ၃၈ ပေရှိ ကွန်ကရစ်တံတား၏ အနောက်ဘက်ခြမ်း၌ ၁၂ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသော တံတားအား သက်ဆိုင်ရာ တာဝန်ရှိသူ များက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာ အသုံး ပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အရေးယူ နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။