၉-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

၉-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော် ၊ ဒီဇင်ဘာ ၉

မဟာဗျူဟာအမြင်၊ နည်းဗျူဟာအမြင်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများ၊ ယခင်အတိတ်သမိုင်းကြောင်းမှာဖြစ်ပေါ်ခဲ့သော အခြေ အနေများနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများထုတ်လွှင့်၍ ပြည်သူလူထုအား အကြောက် တရားဖြင့် ခြိမ်းခြောက်သွေးထိုးလှုံ့ဆော်နေမှုများ၊ ၉-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့၊ လောက်ကိုင်မြို့ ၊ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူများအသုံးပြုလျက်ရှိသည့် လမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ မဟာဗျူဟာအမြင်ပေါ့ နည်းဗျူဟာအမြင် ဒါတွေနဲ့ပတ်သက်ပြီး နည်းနည်းလေးအသိပေးပြောကြားချင်ပါတယ်။ မဟာဗျူဟာအမြင်၊ နည်းဗျူဟာအမြင်နဲ့ ပတ်သက်ပြီး ပြောကြားချင်တာကတော့ ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီး အခုအချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေရှိတယ်။ ယခင်ကအတိတ်သမိုင်းကြောင်းမှာ ဘာ တွေဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အခြေအနေရှိတယ်။ နောင်မှာဘာတွေဖြစ်ပေါ်လာနိုင်တယ် ဆို တဲ့ အခြေအနေတွေရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ချီပြီးတော့မပြောတော့ ပါဘူး။ မြန်မာနိုင်ငံနဲ့ အဓိကဆက်စပ်နေတဲ့နေရာတွေ၊ အရှေ့တောင်အာရှနေရာလောက် ဘဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီအရှေ့တောင်အာရှပေါ့ ကျွန်တော်တို့ပြောနေတဲ့ အခု ASEAN ဒေသပေါ့ အဲဒီကွက်ကွက်ကလေးအမြင်နဲ့ဘဲ ကျွန်တော်တို့ကြည့်ပါမယ်။

လွန်ခဲ့တဲ့ ရှေ့အနှစ် နှစ်ဆယ်နီးပါးပေါ့။ အနှစ်နှစ်ဆယ်နီးပါးမှာ ASEAN ဒေသမှာ ကမ္ဘောဒီးယားလို၊ လာအိုလို အရှေ့မှာ ဗီယက်နမ်လိုဒေသတွေမှာ မငြိမ်မသက်မှုတွေဖြစ်ခဲ့ တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့က တည်ငြိမ်အေးချမ်းတဲ့နိုင်ငံ တစ်ခု ဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမှာရှိခဲ့ပါတယ်။ ဒီတော့အဲဒီနယ်မြေဒေသတွေမှာ မတည်မငြိမ်၊ မအေးမချမ်းဖြစ်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ရဲ့ဝင်ရောက်နှောင့်ယှက်မှုကြောင့် မတည်မငြိမ်၊ မအေးမချမ်းဖြစ်ခဲ့တာလဲဒါကိုအားလုံးသိပြီးသားဖြစ်ပါတယ်။

အနီးစပ်ဆုံးပြောရမယ်ဆိုရင် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ ဘယ်သူ့ကြောင့်ဖြစ်ခဲ့တာ လဲဆိုတာ အားလုံးမြင်ပြီးသားဖြစ်လိမ့်မယ်။ ဟိုးအဝေးကနေပြီး ဘယ်သူက ဝင်ရောက်နှောင့်ယှက်တာလဲဆိုတာ အကုန် လုံးမြင်နိုင်ပါတယ်။ အဲဒီ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲတွေကြောင့် ဘယ်သူတွေ ချမ်းသာသွားသလဲ။ ဘယ်သူတွေချမ်းသာသွား သလဲလို့ ဆိုတဲ့နေရာမှာ ကမ္ဘာမှာရှိတဲ့ ဘယ်သူတွေချမ်းသာသွားသလဲလို့ ကျွန်တော်တို့ ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘယ်သူတွေကချမ်းသာ သွားသလဲ တွေ့နိုင်ပါလိမ့်မယ်။ ဒီနေ့အထိ အရှေ့တောင်အာရှတစ်ခွင်မှာစွမ်းအင်နဲ့ ပတ်သက်ပြီး၊ ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံနဲ့ ပတ်သက်ပြီး ဘယ်သူကဈေး ကွက်ချယ်လှယ်ထား သလဲ၊ အဲဒီဈေးကွက်ချယ်လှယ်မှုရဲ့ အခြေခံအဆောက်အအုံတွေ ဘယ်ကနေရရှိခဲ့ သလဲဆိုရင် ဒီစစ်ပွဲတွေကနေဘဲ အများဆုံး ရခဲ့တာပါ။ ဒီစစ်ပွဲတွေကနေဘဲထားခဲ့တာ။ ဒါတွေကို ကြည့်မြင်နိုင်မယ်ဆိုရင် ကျွန်တော် တို့နဲ့ ကျွန်တော်တို့ပတ်ဝန်းကျင် ရဲ့အခြေ အနေကို ကျွန်တော်တို့သိမြင်နိုင်လိမ့်မယ်လို့ ပြော ချင်ပါတယ်။ ဒီနေ့တွေမှာ ယခုလက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်နက် ကိုင်ပဋိပက္ခအချို့ ဖြစ်ပွားနေတာရှိတယ်။ ဒီရဲ့နောက်ကွယ်မှာ ဘာရှိလဲ၊ ဘယ်သူရှိလဲ ဆိုတာကိုလည်း သိနိုင်မှာဘဲဖြစ်ပါတယ်။ ဒီရဲ့နောက်ကွယ်မှာရှိနေတဲ့ လွှမ်းမိုးချင်နေတဲ့ အဖွဲ့အစည်းက ဒါဘဲဖြစ်တယ်။

ဒါပေမယ့် ဒီအဖွဲ့အစည်းက အရှေ့တောင်အာရှ မှာတော့ အခြေမခံတော့ဘူး။ အခုအချိန်မှာ အခြေခံအနေနဲ့ အရှေ့အာရှမှာအခြေခံလာတာကို အံ့ဩ ဖွယ်တွေ့ရပါတယ်။ အဲဒီတော့ NUG, PDF အမည်ခံ အဓိကကတော့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့အနေနဲ့ အခုအချိန်မှာ ကျွန်တော်တို့ဒေသအတွင်းက ဘယ်နိုင်ငံတွေကို သွားလာနေလဲ၊ နောက်ဆက်တွဲမှာ အမေရိကန်ရဲ့အထောက်အပံ့လူပုဂ္ဂိုလ်တွေက ဘယ် နိုင်ငံကို အမြဲတမ်းသွားလာနေလဲဆိုရင် အရှေ့အာရှနိုင်ငံတစ်နိုင်ငံကို သွားလာနေပြီး လှုံ့ဆော်နေတာတွေ၊ စည်းရုံးနေတာတွေ လုပ်နေတာကို အခုအမြဲတမ်းတွေ့နေရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိရှိရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ သတင်းတု၊ သတင်းမှားတွေကိစ္စဖြစ်ပါတယ်။ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ မုန်းဒေသက မုန်းတိုက်နယ်ပေါ့။ တိုက်ပွဲတောင် ပြီးခဲ့တာကြာပါပြီ။ ဒါပေမယ့် အနောက်အားကိုးမီဒီယာတွေအနေနဲ့ အခုချိန်အထိတိုက်ပွဲ ကမပြီးသေးဘူး။ အဲဒီမှာ ဖြစ်နေတုန်းဘဲ။ ဘယ်နေရာမှာတော့သိမ်းလိုက်ပြီ၊ ဘယ်နေရာ မှာတော့ မီးရှို့လိုက်ပြန်ပြီဆိုတာ လုပ်နေတုန်းဘဲဖြစ်ပါတယ်။ ဒါတွေက ဘာကိုလုပ်နေ တာလဲဆိုတော့ ကျွန်တော်မနေ့ကပြောခဲ့သလိုဘဲ အဓိကကတော့ သူတို့ရဲ့ပုံရိပ်ကို ဟုတ် သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြှင့်တင်နေတာ၊ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ဗကပအထဲမှာ ကျွန်တော်တို့ ရဲဘော်သုံးကျိပ် ဝင်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော တောခိုသွားတယ်။ တောခိုပြီးသိပ်မကြာဘူးဗျ အမြင် နှစ်မျိုးဘဲထွက်ပေါ်လာတယ်။ ဗကပ ရဲ့အမြင်ဘဲ။ ဗကပအထဲမှာရောက်နေတဲ့ တောခို ကျောင်းသားတွေရဲ့အမြင်က ဗိုလ်မှူးချုပ်ကျော်ဇောကို ဗကပအထဲမှာရောက်နေတဲ့ ရုပ် သေးရုပ်ဆိုပြီး ပြောကြတယ်။ သူ့မိန်းမကိုယ်တိုင်က ဘာပြောခဲ့လဲဆိုတော့ ဗကပဆိုတာ အဝေးကကြည့်ရင်တော့ရွှေတောင်ကြီးဘဲတဲ့၊ အနီးကပ်ကြည့်မှ နွားချီးပုံမှန်း သိရပါတယ် တဲ့။ ဒါကဥပမာတစ်ခုဘဲပြောတာပါ။ အဲဒီခေတ်တုန်းက ဗိုလ်မှူးချုပ်ဆိုတဲ့ရာထူးက တော်တော်ကြီးကြီးမားမားရာထူး ဖြစ်ပါတယ်။ အဲဒီလိုတောခိုခဲ့တဲ့လူတောင်မှ ဒီလိုမျိုး ဖြစ်တယ်။

အဲဒီတုန်းက ဗကပရဲ့လွှမ်းမိုးမှုဘယ်လောက်ကြီးတယ်ဆိုတာ အားလုံးကသိရှိ မှာဖြစ်ပါတယ်။ အခုအချိန်မှာ ဘာတွေလုပ်နေလဲဆိုရင် ပြည်သူလူထုကို ဘယ်သူ့ကိုဘယ် လိုသတ်လိုက်ပြီ၊ ဘယ်သူ့ကိုဘယ်လို ဗုံးခွဲလိုက်ပြီ၊ ဘယ်နေရာမှာဘယ်လိုဗုံးခွဲလိုက်ပြီ ဆိုပြီး ပြည်သူလူထုကို အကြောက်တရားရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒီ အကြောက် တရားရိုက်သွင်းပေးပြီးမှ ဆွဲဆောင်မှုပေါ့ အစောပိုင်းကပြောသလို ဘယ်သူတွေကတော့ ဘယ်လိုဖြစ်လို့ ဘယ်လိုပူးပေါင်းတယ်ပေါ့။ ကျွန်တော်တို့တပ်မတော်သားတွေအနေနဲ့ ဘယ်သူမှသူရဲဘောကြောင်သူမရှိဘူး။ သွားပြီးပူးပေါင်းတဲ့လူမရှိဘူး။ မိသားစုတွေရဲ့ လုံခြုံ ရေးအရ၊ မိသားစုတွေရဲ့ အသက်အန္တရာယ်အရ ဖမ်းဆီးခံရတာတွေ ရှိကောင်းရှိနိုင်တယ်။ ဘယ်သူမှ သူရဲဘောကြောင်ပြီး သွားပြီးအညံ့ခံတဲ့သူ မရှိဘူး။ ရှိစရာလည်း အကြောင်းမရှိ ဘူး။ အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် တပ်ကနေကင်းကွာသွားတဲ့ ခွင့်မဲ့ ပျက်ကွက်သူတွေလည်း ရှိလိမ့်မယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိလိမ့်မယ်၊ ရဲတပ်ဖွဲ့ဝင်တွေ ရှိလိမ့်မယ်။ ဒီလိုလူမျိုးတွေကို ဒီအချိန်မှာအခွင့်ကောင်းယူပြီးတော့ ပြယုတ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့တပ်မတော်သားတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ အားလုံးသတိရှိရမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါ တယ်။

ဒီနေ့မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါ တယ်။ ဒီ နမ့်ခမ်းကို MNDAA အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ တိုက်ခိုက်နေတာ တစ်လလောက်ရှိပါပြီ။ ပြည်သူလူထုလည်း မှတ်မိပါလိမ့်မယ်။ ဒီတိုက်ပွဲတွေဖြစ်ပြီး မကြာသေးဘူး နမ့်ခမ်းမြို့တစ်မြို့လုံးကိုသူတို့ထိန်းချုပ်လိုက်ပြီဆိုပြီး ဓာတ်ပုံတွေနဲ့တက် လာတာတွေ့လိမ့်မယ်။ ဒါကလွန်ခဲ့တဲ့အောက်တိုဘာလလောက်ကတည်းက တက်လာ တာ ဖြစ်ပါတယ်။ သူတို့ထိန်းချုပ်နိုင်ပြီဆိုရင် နမ့်ခမ်းကိုဘာကြောင့်အခုချိန်အထိ တိုက်နေ သေးတာလဲ။ ဒါတွေက သူတို့ရဲ့အပြောနဲ့အလုပ်ဘဲဖြစ်ပါတယ်။ ဒီ နမ့်ခမ်းဒေသမှာ စစ်ဆင် ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အားလုံးကို အသိအမှတ်ပြုဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ လောက်ကိုင်မှာတော့ လောက်ကိုင်မြို့အနီးတစ်ဝိုက်နေရာနှစ်နေရာလောက်မှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ တာရှိပါတယ်။ လွိုင်ကော်မှာတော့ ဒီနေ့မှာ ပြည်နယ်ရဲရုံးကို ၄/၅ ကြိမ်လောက် ဝင်ရောက် တိုက်ခိုက်တာရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ချေမှုန်း ခဲ့တဲ့အတွက် ရန်သူထိခိုက်ကျဆုံးမှုများပြားကြောင်း သိရှိရပါတယ်။ ကရင်ပြည်နယ်ဘက် မှာတော့ ကော့ကရိတ်မြို့ဦးကျောင်းအနီးမှာ ထိတွေ့မှုအနည်းငယ်ရှိခဲ့ပါတယ်။ မနေ့က ညအချိန်မှာတော့ ရန်ကုန်-မန္တလေးလမ်း ကျွဲပွဲအနီးမှာ တံတားတစ်စင်းကို KNU, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ မိုင်းထောင်ဖောက်ခွဲခဲ့တာရှိပါတယ်။ တံတားကမ်းကပ်ခုံ အနည်းငယ်ပျက်စီးခဲ့ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ကျွန်တော်ပြောခဲ့သလိုဘဲ အများပြည်သူ အသုံးပြုနေတဲ့ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေကိုဘဲ အဓိကထားပြီး ဖျက်စီးနေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးကသိရှိပြီးတော့ ပြည်သူ့အကျိုးကို တိုက်ရိုက်ထိပါးစော်ကားတဲ့ အကြမ်းဖက်သောင်းကျန်းသူမှန်သမျှကို ဆန့်ကျင်ချေမှုန်းဖို့ အစိုးရ၊ ပြည်သူ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး လက်တွဲညီညီ ဆောင်ရွက်ပြီး ကျွန်တော်တို့ပြည်တွင်းမှာဖြစ်နေတဲ့ မငြိမ်မသက်မှုတွေ အမြန်ဆုံးချုပ်ငြိမ်း သွားအောင်လုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ အားလုံးကိုမေတ္တာရပ်ခံပြောကြားလိုပါ တယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။