နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၁၀ ရက်

   နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

    ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ထမင်းဘူးများကို ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော် ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံ ပို့ဆောင်ပေးကြသည်။

    စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့်အတူ ရဟန်း သံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “ ရှေ့တန်းရောက်တပ်မတော်သား အားလုံး တိုက်ပွဲတိုင်းအောင်မြင်ပါစေ၊ ရေလိုအေးပြီး ပန်းလိုမွှေးပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။