AA မရှိသော ရခိုင်ပြည်နယ်၏ နေ့သစ်များ

AA မရှိသော ရခိုင်ပြည်နယ်၏ နေ့သစ်များ

ယခုအချိန်တွင် ထိုအရာများသည့် ULA/AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏  ယုတ်ညံ့သည့်စိတ်ကြောင့် ရှော့တိုက်ဒုံးရန်ကို ကြောက်လန့်စိုးရိမ်နေရပါသည်။  ၎င်းအရာများသည် စစ်ရေးပစ်မှတ်များ မဟုတ်ကြပေ။ အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေမည့် အရင်းအမြစ်များကိုပါ  စနစ်တကျ ဖျက်ဆီးနေခြင်းသာ ဖြစ်ပါသည်။

ရခိုင်လူမျိုးများသည် ဗုဒ္ဓဘာသာအား လွန်စွာသက်ဝင်ယုံကြည်သူများဖြစ်သကဲ့သို့  ရခိုင်ပြည်နယ်ကြီး သည်လည်း  ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊  အစဉ်အလာကောင်းများနှင့် ရပ်တည်လာခဲ့သော ဒေသကြီးဖြစ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်မြို့နယ်  ၁၇   မြို့နယ်ရှိ  သာသနိက  အဆောက်အအုံအများအပြား ပျက်စီးသွားကြပါသည်။ ကျောင်းပေါင်း ၁၅၁၀၊ စေတီပေါင်းအဆူ ၂၃၀၊ သိမ်အလုံး ၆၄၀၊ ကျောင်းဆောင် ၁၇၈၇ ဆောင်၊ ဓမ္မာရုံ ၈၃၈ လုံး၊ ဆွမ်းစားဆောင် ၄၅၈ လုံး၊ ကုဋီ ၁၀၂၆ လုံးတို့ ချို့ယွင်းပျက်စီးခဲ့ရပါသည်။ ပျက်စီးသွားခဲ့သည့် သာသနိက အဆောက်အအုံများကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပါသည်။

ယခုအခါတွင် ထိုဘာသာရေး အဆောက်အအုံများသည့် ULA/AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ အကာအကွယ်ယူနေသည့် ခံစစ်ကုန်းများအဖြစ် ဝမ်းနည်းဖွယ်ဖြင့် တွေ့မြင်နေရပါသည်။ 

ရခိုင်မြေသည်   ဗုဒ္ဓဘာသာ  သာသနာစည်ပင်  တိုးတက်လာခဲ့သည့်နေရာဖြစ်ပြီး ယခုအခါ  AA  အကြမ်းဖက် သောင်းကျန်းသူများ၏ ရန်စွယ်ကြောင့် ဘာသာရေးအဆောက်အအုံများ၊ ဘုရားစေတီပုထိုးများနှင့်  ရှေးဟောင်းသမိုင်းဝင် နေရာများကို  အပျက်အစီးများအကြား  ဝမ်းနည်းကြေကွဲဖွယ် တွေ့မြင်လာရပါသည်။

  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြန်လည်ထူထောင်ရေးကာလတွင်   နိုင်ငံတော်ဘဏ္ဍာငွေအများစုအား အသုံးပြုပြီး  ရခိုင်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့  ဆိုသည့် စိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။

ယခုဆိုလျှင် ရခိုင်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်  ULA/AA  တို့အနေဖြင့်   အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ကူညီခြင်းမရှိရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြီးစီး၍ စီးပွားရေးပြန်လည် နာလန်ထူတော့မည့်အချိန်တွင် ULA/AA တို့က စစ်မီးတစ်ဖန်မွှေးခဲ့ကြပြန်ပါသည်။  ရခိုင်ပြည်နယ်အတွင်း၌  ပြီးခဲ့သည့်  နိုဝင်ဘာလမှစ၍ ပလက်ဝဒေသရှိ  လုံခြုံရေးစခန်းငယ်    နှစ်ခုနှင့် ပေါက်တောမြို့တို့အား   ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် ရဲစခန်းအချို့ကိုလည်း သာလွန်အင်အားများဖြင့် တိုက်ခိုက်၍   စစ်မီးလောင်ကျွမ်းစေခဲ့ပါသည်။  

ဝါးကိုဖျက်တာ ဝါးမျက်၊ ရခိုင်ပြည်ကိုဖျက်တာ AA အကြမ်းဖက်သမားတို့လက်ချက် ဟုပင်  ဆိုချင်ပါသည်။

ရခိုင်ပြည်နယ်  ပေါက်တောမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသည်  မိုခါအလွန်ကာလများ၌  မြို့နယ်အတွင်းရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့်   ဌာနဆိုင်ရာဝန်ထမ်းများ၊  တပ်မတော် သားများက ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် တည်ငြိမ်အေးချမ်းသည့် မြို့လေးတစ်မြို့အဖြစ်  ပြန်လည်စည်ကားလာခဲ့ပါသည်။  သို့သော် ULA/AA  အကြမ်းဖက်သောင်းကျန်းသူများက ပေါက်တောမြို့ရှိ ဆေးရုံ၊ နေအိမ်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဝင်ရောက်တပ်စွဲကာ တိုက်ပွဲ ဖော်ဆောင်ခဲ့ကြပါသည်။ ၁၅-၁၁-၂၀၂၃ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများမှ ပေါက်တောမြို့နယ် ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်၍ လက်နက်ခဲယမ်းများနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ရွှေ့ပြောင်း သိမ်းဆည်းထားသော နိုင်ငံ့ဝန်ထမ်းလစာများအား    အရှက်မဲ့စွာ လုယက်  ယူဆောင်သွားခဲ့ကြပါသည်။ ပေါက်တောမြို့     ဒေသခံများအား အကြမ်းဖက် သောင်းကျန်းသူများက အတင်းမောင်းထုတ်ကာ မြို့တွင်းမ ှနေ၍  ဒေသခံပြည်သူများအား လူသားဒိုင်းကာ ဓားစာခံအဖြစ် အသုံးပြု၍   အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ လူနေအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ လင်းလက်နေသည့် အနာဂတ်ဆီ လှမ်းချီနေသည့် ရခိုင်ပြည်ကို  မီးရှို့ဖျက်ဆီး၍  အမှောင်တိုက်ကြီးအဖြစ်   အသွင်ပြောင်းစေခဲ့သည်မှာ ULA/AA  တို့ပင် ဖြစ်ပါသည်။ Drop ဗုံးချ၊ မီးရှို့သည့်လုပ်ရပ်ဖြင့် ဖွံ့ဖြိုးဝေစည်နေသည့်   ရခိုင်ပြည်ကြီးကို တည်ဆောက်၍မရနိုင်ကြောင်းသိစေချင်ပါသည်။

ပေါက်တောမြို့နယ်    အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ဆေးရုံ၊ မြန်မာ့စီးပွားရေးဘဏ်၊   မြို့နယ် စီမံကိန်းရုံး၊ ဈေးရုံများ၊ အထပ်မြင့်လူနေအိမ်အဆောက်အအုံများနှင့် လောကထိပ်ပန်ဘုရားကုန်း စသည့် နေရာတို့တွင်လည်း ခံစစ်စခန်းပြုလုပ်၍ စနိုက်ပါ၊ ရှော့တိုက်ဒုံး၊ RPG ၊လက်နက်ငယ်နှင့် ဒရုန်းများကို အသုံးပြုကာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသော တပ်မတော်သားများအား    ပစ်ခတ်တိုက်ခိုက် နေသည့်အတွက် နှစ်ဖက်တိုက်ပွဲများ မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။  ULA/AA  အကြမ်းဖက် သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်းစစ်ဖြစ်ပါက ဒေသခံပြည်သူများ ဆင်းရဲဒုက္ခ ရောက်ကြမည်ကို သိသော်ငြားလည်း ဒေသခံပြည်သူများအား မငဲ့ညှာဘဲစစ်မီးမွှေးခဲ့ကြခြင်း ဖြစ်ပါသည်။ စစ်ပွဲများဖြစ်ပွားပါက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအားလုံးရပ်တန့်ပြီး ဒေသအတွက် များစွာနစ်နာရမည်ကို သိသော်လည်း  လက်နက်ကိုင်လမ်းစဉ်ကိုသာ အစဉ်တစိုက် ရွေးချယ်ခဲ့ကြပါသည်။      

ယခုအချိန်တွင် AA အကြမ်းဖက် သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များက ရခိုင်ပြည်သူများ၏ ဘဝအိုးအိမ်စည်းစိမ်နှင့် ကောင်းမွန်သော အနာဂတ်များကို ကြေမွပျက်စီးစေခဲ့ပါသည်။ မိုခါအလွန် ကာလများတွင် ပေါက်တောမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ယူခဲ့ရသူတစ်ဦးမှ     ပေါက်တောမြို့ကို သတင်းများတွင် မြင်တွေ့ရသည်မှာ  စိတ်မချမ်းမြေ့ဖွယ် ဖြစ်မိကြောင်းနှင့်    လွန်စွာဝမ်းနည်းရကြောင်း၊ အချိန်ယူကာ ထူထောင်ခဲ့ရသည့် မြို့လေးမှာ တစ်ခဏအတွင်းမှာပင် ပျက်စီးခြင်းသို့ ဆိုက်ရောက်နေကြောင်းနှင့် ULA/AA    အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ်ကို    စက်ဆုပ်ရွံရှာမိ ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

ထို့ပြင် AA သောင်းကျန်းသူအဖွဲ့မှ ပေါက်တောမြို့နယ် မနော်သီရိရွာအား မီးရှို့ခိုင်းထားသည့် AA သောင်းကျန်းသူ အမာခံမောင်ထွန်းကျော်လင်းနှင့် ဦးဦးဘထွန်း တို့အား မီးရှို့နေစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များကို ကြားသိရသည့် အခါ AA သောင်းကျန်းသူအဖွဲ့၏ယုတ်မာပက်စက်သည့်လုပ်ရပ်များကို ပြည်သူလူထုတစ်ရပ်လုံးက မြင်တွေ့ခဲ့ကြရပါသည်။

  ဤကဲ့သို့  အချိန်အခါဝယ်  ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်  ကိုယ့်အရပ် ကိုယ့်ဒေသကာကွယ်ရေးအတွက် ဆောင်ရွက်ရန်မှာ  နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။ ယခုအခါ AA အကြမ်းဖက်သောင်းကျန်းသူများ၏  အကြိမ်ကြိမ်ဖျက်ဆီးမှုများကြောင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များသည်လည်း ကြေမွပျက်စီး သွားခဲ့ရပါသည်။ AA သည် ရခိုင်ပြည်သူများ၏  အိပ်မက်များအား ဖျက်ဆီးခဲ့ပြီး ရခိုင်သမိုင်းရိုင်းအောင် လုပ်ခဲ့ပါသည်။ ဝယ်စရာဈေးမရှိ၊ စာသင်စရာ ကျောင်းမရှိ၊ ကျန်းမာရေးအတွက် ဆေးရုံနတ္ထိ၊ ရှိခိုးဝတ်ပြုစရာ ဘုရားကျောင်းများပင် မရှိလောက်အောင် AA ဖျက်ဆီးသွားခဲ့ပြီဖြစ်ပါသည်။ ထိုယမ်းငွေ့များဝေနေသည့် အပျက်အစီးများကို မည်သူလာပြင်ပေးတော့မည်နည်း... ပညာမဲ့ရခိုင်လူငယ်များ...ကိုးကွယ်ရာမဲ့  ရခိုင်ပြည်သူများ...ကျန်းမာရေးစောင့်ရှောက်မှု မရှိတော့သည့် ဆေးရုံ၊ ဆေးခန်းများ...အဘက်ဘက်က  ယိုယွင်းပျက်စီး သွားခဲ့ပါပြီ...  နိုင်ငံတော်က   မျှော်မှန်း တည်ဆောက်ပေးခဲ့သမျှ...   AA အဖျက်သမား များကြောင့်...ပျက်သုဉ်းခဲ့ရပါပြီ... ရခိုင်ပြည်သူပြည်သားများက AA ကို အလိုမရှိပါ။ AA သည် ရခိုင်ပြည်သူများကို ကိုယ်စားမပြုပါ... ရခိုင်ပြည်နယ်၏ အလှတရားများကို  ဖျက်ဆီးခဲ့သော... ရခိုင်ပြည်သူတို့ကို အနာဂတ်မဲ့စေသော ... AA မရှိသည့် ရောင်နီသန်းမည့် ရခိုင်ပြည်နယ်၏ နေ့ရက်များအား မျှော်လင့်တောင့်တရင်း...မြန်မာ့တပ်မတော်၏ တရားသောစစ်အောင်မြင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့အပ်ပါသည် . . .။    ။