လားရှိုးမြို့ရှိ ဘာသာမရွေးလူမှုကူညီရေးအသင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂၅
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဘာသာမရွေးလူမှုကူညီရေးအသင်းသို့ ယနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင် များက သွားရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ တိုင်းမှူးက ဘာသာမရွေးလူမှုကူညီရေးအသင်းအတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ ဘာသာမရွေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။
    
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဘာသာမရွေးလူမှုကူညီရေးအသင်း ဆေးခန်းအတွင်း ကျောက်ကပ်ဆေးကြောသန့်စင်နေသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။