အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး

နေပြည်တော်၊ နိုဝင်ဘာ - ၂၅
    
အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် များ၏ အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း အမျိုးသမီးငယ်များအား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆရာဝန်များပါဝင်သော ဆေးအဖွဲ့က ပုသိမ်တပ်နယ် အားကစားခန်းမ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး သည်။
    
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပါရဂူတစ်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး ဆေးအဖွဲ့က  အမျိုးသမီးငယ် ၉၂ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည်။
    
ယင်းသို့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။