ရွာငံတွင် တော်လှန်ရေးရဲဘော်​၏ မိသားစုဝင် ၈ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ ဟု DVB မှ ကောလာဟလသတင်းရေးသားဖြန့်ဝေ

 

ရွာငံတွင် တော်လှန်ရေးရဲဘော်​၏ မိသားစုဝင် ၈ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ ဟု DVB မှ ကောလာဟလသတင်းရေးသားဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၈ ဦးကို တပ်မတော်က  ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီး သွားသည် ဟု ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ် မေးမြန်းရာ “တပ်မတော်က ရွာသားများအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိပါကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း” သိရှိရပါသည်။ တရားမဝင် ပြည်ဖျက် မီဒီယာများသည် တပ်မတော်နှင့် ဒေသခံပြည်သူများအကြား အထင်အမြင်လွဲမှားစေနိုင် သော သတင်းတု သတင်းမှားများကို လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။