​​​​​​​ရွှေညောင်မြို့ကစာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ကျောင်းပိတ် ဟု ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေ

ရွှေညောင်မြို့ကစာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ကျောင်းပိတ် ဟု ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၃

“ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ အမှတ်(၉)အထက်တန်းကျောင်းတွင် ကျောင်း မတက်ကြရန် လှုံ့ဆော်ထားသည့်စာရွက်များ အကပ်ခံရကြောင်းနှင့် ကျောင်းဝန်းထဲ ဗုံးတွေ့ တယ်ဟုဆိုကာ ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်” ဟု ပြည်ဖျက်မီဒီယာအချို့မှ မဟုတ်မမှန်ကောလာဟလ သတင်းများ ဖြန့်ဝေရေးသားလျက် ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ “ ကျောင်းများပိတ်ထားခြင်းမရှိပါကြောင်း၊ ကျောင်းဝန်း အတွင်း ဗုံးတွေ့ရှိသည်ဟုဆိုသည်မှာလည်း သတင်းအမှားသာဖြစ်ကြောင်း”ကို ရွှေညောင် မြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

အကြမ်းဖက်အားပေးမီဒီယာများသည် ယခုကဲ့သို့ ကောလာဟလ သတင်းအမှားများ ထုတ်လွှင့်ကာ ကျောင်းသူကျောင်းသား၊ မိဘဆရာများ စိုးရိမ်ပူပန်မှုဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။