ဓားစာခံအဖြစ်အဖမ်းခံထားရသည့် မိဘမဲ့ဂေဟာက ကလေး ၃၅ ဦးနှင့် တာဝန်ရှိသူ ၄ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်ကယ်ထုတ်နိုင် ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေ

ဓားစာခံအဖြစ်အဖမ်းခံထားရသည့် မိဘမဲ့ဂေဟာက ကလေး ၃၅ ဦးနှင့် တာဝန်ရှိသူ ၄ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်ကယ်ထုတ်နိုင် ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပါတ်မြို့ရှိ မိဘမဲ့ဂေဟာမှ ကလေးငယ် ၃၅ ဦးနှင့် တာဝန်ရှိသူ ၄ ဦးကို တပ်မတော်မှ ဓားစာခံအဖြစ်ဖမ်းဆီးထားသဖြင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု  မဟုတ်မမှန်ကောလာဟလ သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ ဒေသခံတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ “သတင်းအမှားသာဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ မည်သည့်အခါမျှ ပြည်သူ လူထုကို အနိုင်ကျင့်ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်မှုမရှိပါကြောင်း၊ ပြည်ဖျက် မီဒီယာများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေး ရန်အတွက် မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း” သတင်းရရှိသည်။