ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၃

            ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ စံပြဘက်စုံစိုက်ပျိုး၊ မွေးမြူ ရေးခြံမှ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု၊ ဥစားကြက်၊ အသားစားကြက်၊ DYL ဝက်၊ နို့စားနွားနှင့် ဆိတ်မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူထားရှိသော စင်တင်သီးနှံ၊ ရာသီသီးနှံ၊ နေကြာ၊ ပြောင်း၊ နဂါးမောက်နှင့် တစ်သျှူးငှက်ပျော စိုက်ပျိုးထားရှိမှု၊ နွေစပါးပျိုးထောက်ထားရှိမှု၊ DYL ဝက်၊ ငါးခူ၊ တီလာဗီးယားငါး၊ ဘဲ၊ ဥစားကြက်၊ ဒေသနွားနှင့် နို့စားနွား မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။