မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ

 

မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၃

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိုဝင်ရောက်စွက်ဖက်နေသောတီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများ အားဆန့်ကျင် ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေး ယာဉ်ရပ်နားကွင်း၌ကျင်းပသည်။

ဦးစွာ နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာ အခမ်းအနား ကိုဖွင့် လှစ်ပြီး အမျိုးသားရေးဆရာတော် ဥူးပညာဝံသက ဟောပြောဆွေးနွေးသည်။

ထို့နောက် အခမ်းအနားတက်ရောက် လာကြသူများက နိုင်ငံတော်အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး)၊ သာသနာဖျက်အားပေး တီမော(အလိုမရှိ )၊ အကြမ်းဖက် အားပေး တီမော (အလိုမရှိ)၊  အကြမ်းဖက် ြ့ွ ၊ ဏီၤ(အလိုမရှိ)၊ မြန်မာ့ပြည်တွင်းရေး (ဝင်မစွက်နဲ့)၊ ပြည်တွင်းရေး စွက်ဖက်သူ (ဒို့ရန်သူ)၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ နှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ် တေနိုင်ငံနှင့် ပြည်ပ နိုင်ငံများအား(ဆန့်ကျင် ကြ) ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော် ကြသည်။

ယင်းနောက် အမျိုးသားရေးတက်ကြွ လှုပ်ရှားသူများက ဟောပြောဆွေးနွေးကြပြီး ကြွေး ကြော်သံများကြွေးကြော်ခြင်း၊ ဇာတိမာန် သီချင်းသံပြိုင်သီဆိုခြင်းတို့ကိုဆောင်ရွက် ကြသည်။

အဆိုပါဆန့်ကျင်ရှုတ်ချပွဲကို အမျိုးသား ရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က ဦးဆောင် ပြီး နိုင်ငံရေးပါတီဝင်များ၊အကြမ်းဖက်လုပ်ရပ်များအားဆန့်ကျင်ကြသည့်ပြည်သူများ ပူးပေါင်း ပါဝင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။