စက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းတချို့ ရပ်နားထားရ ဟု ပြည်ဖျက်မီဒီယာ Than Lwin Times မှ ကောလာဟလ သတင်းမှားများဖြန့်ဝေ

 

စက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းတချို့ ရပ်နားထားရ ဟု ပြည်ဖျက်မီဒီယာ Than Lwin Times မှ ကောလာဟလ သတင်းမှားများဖြန့်ဝေ

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဆီဝယ်ယူရ ခက်ခဲလာတာကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်နားထားရ သည်ဟု ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး တာဝန်ရှိသူတစ်ဦးမှ  မွန်ပြည်နယ်အတွင်း ခရီးသွား ပြည်သူများ ပုံမှန်သွားလာလျက်ရှိပြီး အဝေးပြေး ယာဉ်လိုင်းများလည်း ပုံမှန်ပြေးဆွဲပေး လျက်ရှိကြောင်းနှင့် အဝေးပြေးယာဉ်လိုင်းအချို့ ရပ်နားသည် ဆိုသည်မှာ သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း ပြောကြားချက်အရ  သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများမှ ပြည်သူလူထု လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်အတွက် စက်သုံးဆီနှင့်ပတ်သက်၍  လူမှုကွန်ရက်များတွင် ကောလာဟလ သတင်းတု၊ သတင်းမှားများကို ထုတ်လွှင့်ကာ စိုးရိမ်ပူပန်စိတ်များဖြင့် ပုံမှန် သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူခြင်း၊ စုဆောင်းသိုလှောင်ခြင်းစသည်တို့ကို ဖြစ်ပေါ်စေရန်  ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတင်းတုများကို ရေးသားလှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။