ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း ဆောင်ရွက်

 

ရန်ကုန်  ဒီဇင်ဘာ  ၁၄

    ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်    လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဒီဇင်ဘာလ ၄ ရက်မှစတင်၍ခရိုင်နယ်မြေများအလိုက်   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မင်္ဂလာဒုံမြို့နယ် ရပ်၊ ကျေး ၁၆ ခုမှ ပြည်သူ ၄၆၅ ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရပ်၊ ကျေး ၂၀ မှ ပြည်သူ ၆၅၀ ဦး၊ တွံတေးမြို့နယ် ရပ်၊ ကျေး ၃၀ မှ ပြည်သူ ၄၅၂ ဦး၊ လသာမြို့နယ်ရပ်ကွက် ၅ ခုမှ ပြည်သူ ၄၂၇ ဦး စုစုပေါင်း ပြည်သူ ၁၉၉၄ ဦး တက်ရောက်၍ လက်တွေ့ စမ်းသပ်မဲပေး လေ့လာမှုများ ဆောင်ရွက်ကြသည်။

သို့ဖြစ်၍ ဒီဇင်ဘာလ ၄ ရက်မှ ၁၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး နယ်မြေ မြို့နယ် ၁၇ ခုတို့မှ စုစုပေါင်း မဲဆန္ဒရှင်ပြည်သူ ၁၄၉၄၃ ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေး  လေ့လာခဲ့ပြီး အဆိုပါအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၈ ရက်တို့တွင် မင်္ဂလာဒုံမြို့နယ်၊   ရွှေပြည်သာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊  ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။