(၇၆)နှစ် စွမ်းအင်ဖြစ် နုသစ်ဖြာဝေ တပ်မတော်(လေ)

 

(၇၆)နှစ် စွမ်းအင်ဖြစ် နုသစ်ဖြာဝေ တပ်မတော်(လေ)

(၇၆)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ဂုဏ်ပြုဆောင်းပါး

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ကိုယ်ပိုင်နယ်မြေတွင် လွတ်လပ်စွာနေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် ယဉ်ကျေးမှုအစဉ်အလာ ကောင်းသော လူမျိုးများဖြစ်သည်။ နွေ၊ မိုး၊ ဆောင်း စသည့် မျှတသောရာသီဥတုလည်းရှိသည်။ မြေပေါ်မြေအောက်သယံဇာတပေါကြွယ်ဝသောနိုင်ငံလည်းဖြစ်သည်။ မြောက်မှ တောင်သို့ စီးဆင်းနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ် စသည့်မြစ်ကြီး လေးသွယ် သည်လည်း မြန်မာပြည်၏အသက်သွေးကြောများဖြစ်သည်။

ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ ဆန်စပါးကိုအဓိက စိုက်ပျိုးလုပ်ကိုင်ကြသည်။ ပဲအမျိုးမျိုး၊ နှမ်း၊ ဝါ၊ ပြောင်းဖူး၊ ငရုတ်၊ ကြက်သွန်၊ အာလူး စသည့်သီးနှံများကိုလည်းရာသီအချိန်အခါလိုက်၍ စိုက်ပျိုးကြသည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်များ သည်လည်း နိုင်ငံ၏ မြေမျက်နှာသွင်ပြင်နှင့် လိုက်လျောညီထွေစွာ တည်ရှိနေသည်။ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ ထွန်းကားပြီး ပြည်သူများမှာ ကံငါးပါးလုံခြုံစွာထိန်းသိမ်းကြသည်။ ခင်ပွန်းကြီးဆယ်ပါးကို ကျေးဇူးပြုတတ်သူများဖြစ်သည်။ ရွှေရောင် ဝင်းသည့် စေတီပုထိုးများဖြင့် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းကြသူများဖြစ်သည်။ အလှူဒါနရက်ရောမှုကြောင့် ကမ္ဘာကပင် ရင်သပ်ရှုမောရသည့် နိုင်ငံနှင့်လူမျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင်အလှဆုံးတိုင်းပြည်၊ နေချင် စရာအကောင်းဆုံး တိုင်းပြည်ဟုဆိုရမည့် နိုင်ငံဖြစ်သည်။ ထိုသို့ အလှဆုံးတိုင်းပြည်၊ နေချင်စရာ အကောင်းဆုံးတိုင်းပြည်ဖြစ်အောင် ဖန်တီးခဲ့ကြသူများမှာ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များပင်ဖြစ်သည်။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဘာသာကို ကာကွယ် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြသည်။

မြန်မာတို့၏ရှေးခေတ်များတွင် ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ တောင်ငူခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြသည်။ ကုန်းဘောင် မင်းဆက် ၁၁ ဆက်ရှိပြီး အလောင်းဘုရားမှ သီပေါမင်းအထိ ဖြစ်သည်။ မင်းအဆက်ဆက် တိုင်းပြည်လုံခြုံရေးအတွက် စစ်သည်ရဲမက်များ ဖွဲ့စည်းထားရှိခဲ့ကြသည်။ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ်၊ လေးမြားတပ်စသည်ဖြင့်တပ်တော်များလည်း ဖွဲ့စည်းထားရှိ သည်။တိုင်းပြည်အတွက်စစ်မက်ရေးရာကြုံလာ ပါကလည်း ကျေးရွာများမှ အိမ်ခြေ အနည်းအများကိုလိုက်၍ စစ်သည်အင်အားဖြည့်တင်းကြရသည်။

စစ်မက်ရေးရာနှင့်ပတ်သက်၍ မြန်မာဘုရင်များ တန်ခိုးထွားခဲ့ကြသည်။ အနော်ရထာ မင်းသည် အေဒီ ၁၀၄၄ ခုနှစ်တွင် အကွဲကွဲအပြားပြားဖြစ်နေသော မြန်မာနိုင်ငံတော်ကို ပြန်လည်ထူထောင်ခဲ့သည်။ မြို့ပြများကို စနစ်တကျ တည်ဆောက် ခဲ့သည်။ ဆည်၊မြောင်း၊ ကန်၊ ချောင်းများတူးဖော်ဆည်ဖို့ပြီး စိုက်ပျိုးရေးကိုတိုးတက်စေခဲ့သည်။

မြန်မာအက္ခရာဖြင့် မြန်မာစာပေကိုတီထွင်နိုင်ခဲ့သည်။ ဘာသာ၊ သာသနာကိုလည်း ထွန်းကားစေရန်အတွက် တွန်းအားပေးခဲ့သည်။ အေဒီ ၁၅၅၁ တွင် ဘုရင့်နောင် မင်းတရား ကြီးကလည်း ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပြီး ထေရဝါဒဗုဒ္ဓဘာသာ ပြန့်ပွားရေးဆောင်ရွက်ခဲ့သည်။

အလောင်းဘုရားထူထောင်ခဲ့သည့် တတိယမြန်မာနိုင်ငံတော်အား ကုန်းဘောင်မင်း အဆက်ဆက်အုပ်ချုပ်ခဲ့ကြပြီး မင်းတုန်းမင်း တရားလက်ထက်တွင် ညီတော်ကနောင် မင်းသားကြီး၏ စွမ်းဆောင်မှုဖြင့် နိုင်ငံခြားသို့ ပညာတော်သင်များ စေလွှတ်ကာ  လက်နက်စက်ရုံများအပါအဝင် စက်ရုံပေါင်း ၅၀ ကျော်တည်ဆောက်နိုင်ခဲ့သည်။ ကနောင် မင်းသားကြီး လုပ်ကြံခံခဲ့ရပြီး နိုင်ငံတော်တိုးတက်မှုမှာ အဟန့်အတားဖြစ် ခဲ့ရသည်။ တောတောင်ရေမြေသဘာဝအရ မျက်စိအကျခံရ သော အမိမြန်မာနိုင်ငံတော်သည် အင်္ဂလိပ်တို့၏ကျူးကျော်ခြင်းကို ခံခဲ့ရသည်။ 

ဗိတိသျှတို့သည် ကျူးကျော်စစ်ပွဲသုံးကြိမ်ဆင်နွှဲ၍ မြန်မာပြည်ကို သိမ်းပိုက်ခဲ့သည်။ ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲအပြီးတွင် ရခိုင်နှင့်တနင်္သာရီကို ဆုံးရှုံးခဲ့ရသည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံ အောက်ပိုင်းကို ဆုံးရှုံးခဲ့ရပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အထက်မြန်မာပြည်၏ မင်းနေပြည်တော် မန္တလေးမြို့ ကိုပါ သိမ်းပိုက် ခံရပြီး မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက်သို့ကျရောက်ခဲ့ရသည်။ မြန်မာတို့သည် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း ဖြင့် လွတ်လပ်ပျော်ရွှင်စွာနေထိုင် ခဲ့ရာမှ အချုပ်အချယ် အနှောင်အဖွဲ့ အတားအဆီးများဖြင့် နေထိုင်ကြရသောအခါ လက်မခံ နိုင်ဖြစ်ကြရသည်။ ချုပ်ချယ်မှုအနှောင်အဖွဲ့မှလွတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာကြ သည်။ ရုန်းထွက်လိုစိတ်များ ပေါက်ဖွားလာခဲ့ကြသည်။ နေရာဒေသမရွေး၌ ရရာလူ၊ ရရာလက်နက်များ ကိုင်ဆောင်လျက် တော်လှန်ပုန်ကန်မှုများ ပြုလုပ်လာကြသည်။

နယ်မြေဒေသအလိုက် နေရာတိုင်း၌ တော်လှန်ခဲ့ကြသော်လည်း တော်လှန်ရေးအင်အား စုများ ပေါင်းစပ်စုစည်း၍ တိုက်ခိုက် ခြင်းမျိုးမရှိခဲ့ပေ။ ပြည်သူတစ်ရပ်လုံးအား နိုးကြား တက်ကြွစွာဖြင့် တော်လှန်ရေးတွင်ပါဝင်လာခဲ့ခြင်းလည်း မရှိခဲ့ပေ။ ထိုသို့ ပါဝင်လာစေရေး အတွက် စည်းရုံးနိုင်မှုစွမ်းအားလည်း နည်းပါးနေသေးသည့် အချိန်ဖြစ်သည်။ အင်္ဂလိပ်စစ် တပ်များမှာ စစ်နည်းဗျူဟာကျွမ်းကျင်ခြင်း၊ လက်နက်အင်အား ကောင်းမွန်ခြင်းတို့ကြောင့် တော်လှန်ရေးသည် မအောင်မြင် ဘဲဖြစ်ခဲ့ရ သည်။

အင်္ဂလိပ်တို့သည် မြန်မာတိုင်းရင်းသားတို့၏ တော်လှန်ပုန်ကန်မှုများအား နိုင်နင်းစွာ နှိမ်နင်းနိုင်ခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေး ကိုလည်း အောင်မြင်စွာ ဖော်ဆောင်ခဲ့သည်။ နိုင်ငံရေးတွင်ဖိနှိပ်အုပ်ချုပ်သကဲ့သို့ စီးပွားရေးတွင်လည်း သွေးစုပ် ခြယ်လှယ် ခဲ့သည်။ လူမှုရေးတွင်လည်း မြန်မာတို့၏မျိုးချစ်စိတ်ဓာတ်ကို ရိုက်ချိုးခဲ့သည်။ အင်္ဂလိပ်အရာရှိများ အား သခင်ဟု တပ်ခေါ်ခဲ့ စေပြီးဘုရားထူးရသည်အထိ မြန်မာတို့အားချိုးနှိမ်ခဲ့သည်။ ထိုသို့ချိုးနှိမ်ခံရမှုကြောင့် မြန်မာတို့ မကျေမနပ်ဖြစ်လာ ခဲ့သည်။

ထိုမကျေနပ်မှုကပင် မြန်မာတို့၏ရင်ထဲသို့ မျိုးချစ်စိတ်များပေါက်ဖွားလာစေခဲ့သည်။ နိုင်ငံရေးအသိစိတ်များ ရှင်သန်လာစေခဲ့သည်။ မြန်မာတို့အင်္ဂလိပ်လက်အောက် ကျရောက်၍ သူ့ကျွန်ဘဝဖြင့် နှစ် ၂၀ ခန့်ကြာလာသောအခါ မြန်မာလူမျိုးဘွဲ့ရ ကျောင်းသားများရှိလာခဲ့သည်။ ထိုကောလိပ်ကျောင်းသားများမှ ကမ္ဘာ့နိုင်ငံရေးကို လေ့လာခဲ့ကြသည်။ ဗြိတိသျှတို့၏ လက်အောက်ခံ ကိုလိုနီနိုင်ငံများ၏ အမျိုးသားရေး လှုပ်ရှားမှုများကို လေ့လာခဲ့ကြသည်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ နိုင်ငံရေး လှုပ်ရှားမှု အခြေအနေကိုလည်း ဂရုပြုလာမိခဲ့သည်။ထိုနိုင်ငံများကဲ့သို့ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု များလုပ်ကိုင်ရန် စတင် နိုးကြားလာခဲ့သည်။ အိန္ဒိယနိုင်ငံကဲ့သို့ အသင်းအဖွဲ့များဖွဲ့စည်းရန် အမြင်ရှိလာကြသည်။ ကိုလိုနီခေတ်ဖြစ်၍ ဗြိတိသျှ အစိုးရကလည်း နိုင်ငံရေးအသင်း အဖွဲ့များ ဖွဲ့စည်းခြင်းအား တားဆီးကန့်သတ်မည်ဖြစ်သည်။ မြန်မာမျိုးချစ်လူငယ်များ ကလည်း ဗြိတိသျှတို့လက်ခံမည့် အသင်းအဖွဲ့ကိုဖွဲ့စည်း၍ ဘောင်အတွင်းမှလှုပ်ရှားရန် အမြင်များပွင့်လင်းလာခဲ့သည်။

ဗိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်ရေး စနစ်ဖြင့် ဖိနှိပ်ချုပ်ချယ်မှု၊ ကမ္ဘာ့နိုင်ငံရေး  အခြေ အနေများ ဖြစ်ပေါ်ပြောင်းလဲမှု တို့ကြောင့် မြန်မာတို့၏အတွေးအမြင် များကို ပြောင်းလဲ စေခဲ့သည်။ မြန်မာတို့သည် (Y.M.C.A) အသင်းကို နမူနာ ယူလျက် ဦးဘဖေ၊ အမ်အေဦး မောင်ကြီး၊ ဒေါက်တာဘရင်တို့ဦးဆောင်၍ ၁၉၀၆ ခုနှစ်တွင် ဘာသာရေးကိုအခြေခံသည့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(Young Men's Buddhist Association) (Y.M.B.A) အသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုအသင်းကြီးသည် ဗုဒ္ဓဘာသာကြီးပွားတိုး တက်ပြန့်ပွားရေး၊ နိမ့်ကျနေသော မြန်မာ့ပညာရေးကို မြှင့်တင်ရန်ဖြစ်သည်။

အမျိုးဘာသာသာသနာ ကြီးပွားတိုးတက်အောင်မြှင့်တင်ပေးရေးဟူသည့်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ “အမျိုး ကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာရေးကိုအားပေးပါ” ဆိုသည့် ကြွေးကြော် သံများဖြင့်တက်ကြွစွာ စည်းရုံးလှုံ့ဆော်ခဲ့ ကြသည်။ (Y.M.B.A) အသင်း၏  ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးတွင် အမျိုးသားရေး စိတ်ဓာတ်များရှင် သန်လာခဲ့သည်။

၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင်ဘာသာရေးဆန်သည့် (Y.M.B.A) အသင်း အမည် အား နိုင်ငံရေးဆန်သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ မြန်မာ့အသင်းချုပ်ကြီး (General Council of Burmese Associations) (G.C.B.A) ဟုပြောင်းလဲဖွဲ့စည်းခဲ့သည်။ (G.C.B.A) အသင်း၏ လှုံ့ဆော်မှုဖြင့် ရန်ကုန်တက္ကသိုလ်ပထမကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ ပြီးခေတ် ပညာတတ် တက္ကသိုလ်ကျောင်းသားများနိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရောက် လာခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာ အစည်းအရုံး ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ ၏အမည်ရှေ့တွင် သခင်တပ်၍ ခေါ်စေခဲ့သည်။ “သခင်မျိုးဟေ့တို့ဗမာ” ဟူသော ကြွေးကြော် သံဖြင့်မြန်မာလူမျိုးတို့သည် ကျွန်မျိုးမဟုတ်သခင်မျိုးသာဖြစ်ကြောင်း သခင်သွေး သခင်စိတ်ကိုသွေးပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင် များဖြစ်သော သခင်အောင်ဆန်း၊ သခင်နု၊ သခင်ဗစိန်တို့လည်း တို့ဗမာ အစည်းအရုံး ဝင်များဖြစ်လာကြသည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ် ဖြင့် တို့ဗမာ အစည်းအရုံးဝင်များ ပေါင်းစပ်မိ ခဲ့သည်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် တတိယကျောင်းသားသပိတ်ပေါ်ပေါက်လာခဲ့သည်။

၁၉၃၉ ခုနှစ် ဇန်နဝါရီလတွင် သပိတ်ပေါင်းစုံ ပါဝင်သည့် လူထုအစည်းအဝေးကြီး ကျင်းပနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအုံကြွလာ ခဲ့သည်။၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့ရာ ဗြိတိသျှတို့ အကျပ်အတည်းနှင့်ရင်ဆိုင်ကြရသည်။ “အင်္ဂလိပ် အခက် ဗမာ့အချက်” ဟုကြွေးကြော်၍ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ အင်္ဂလိပ်ကို လက်နက် ကိုင်တော်လှန်ရန် ပြည်သူ့အရေးတော်ပုံပါတီကို ဖွဲ့စည်းခဲ့သည်။ ခေတ်ပညာတတ်လူငယ်ခေါင်းဆောင် သခင်အောင်ဆန်း က ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရန် လက်နက်ကိုင်တော်လှန်ရမည်၊ နိုင်ငံခြားအကူအညီရယူ ရမည်ဟု ဆုံးဖြတ်ခဲ့ သည်။

၁၉၄၀ ပြည့်နှစ်တွင် သခင်အောင်ဆန်းနှင့် မျိုးချစ်လူငယ်စုစုပေါင်းသုံးကျိပ်တို့ အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ရန်အတွက် စစ်ပညာသင်ရန် ဂျပန်နိုင်ငံသို့ လျှို့ဝှက်ဆက်သွယ် ထွက်ခွာခဲ့ကြသည်။ ၁၉၄၂ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်တို့သည် ယိုးဒယားနိုင်ငံ၌လက်မောင်းသွေးဖောက်၍ သွေးသောက်စစ်သည်ဖွဲ့စည်းခဲ့သည်။ ဂျပန် တပ်များနှင့် ပူးပေါင်းပြီး မြန်မာပြည်တွင်းသို့ ဝင်ရောက်ခဲ့သည်။ မြန်မာပြည်တွင်းမှမျိုးချစ် စစ်သည်များအား စုဆောင်းသိမ်းသွင်းပြီး အင်္ဂလိပ်တို့အား တိုက်ခိုက်မောင်းထုတ်ခဲ့သည်။ အင်္ဂလိပ်များအားတွန်းလှန်တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့သော်လည်းဂျပန်တို့ကစစ်မှန်သော လွတ်လပ်ရေးကိုမပေးဘဲ ရွှေရည်စိမ်လွတ်လပ်ရေးသာပေးခဲ့သည်။

မြန်မာတစ်မျိုးသားလုံး ဖက်ဆစ်တို့၏စနစ်ဆိုးကို အလူးအလဲခံကြရပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်လူငယ်များ ဖက်ဆစ်ကိုတန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်း ကြရပြန်သည်။ ၁၉၄၅ ခုနှစ်တို့တွင် မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ဖက်ဆစ် ဂျပန်တို့အား ပြန်လည်တိုက်ခိုက်မောင်းထုတ်ခဲ့သည်။ ဂျပန်တို့ကမ္ဘာတွင် စစ်ရေးနိမ့်ချိန်၊ အိုကီနာဝါ၊ နာဂါဆာဂီမြို့များ အဏုမြူဗုံးခွဲခံရပြီး လက်နက်ချအညံ့ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကျဆုံးခဲ့ရ သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။ မြန်မာတို့ အတွက် သင်ခန်းစာအမြောက် အမြားရရှိခဲ့သည်။ နိုင်ငံရေး အတွေးအခေါ်များပြောင်း လဲလာစေခဲ့သည်။ မိမိတို့၏တိုင်းပြည်လွတ်လပ်ရေး အဓွန့်ရှည် တည်မြဲရန်အတွက် တပ်မတော်လိုအပ် ကြောင်းသိရှိလာခဲ့သည်။ နိုင်ငံတကာစစ်တပ်များကဲ့သို့စစ်နည်း ဗျူဟာကျွမ်းကျင် ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိလာခဲ့သည်။ တပ်မတော် (ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့ ဖွဲ့စည်းရမည်ဖြစ်ကြောင်း အသိတိုး လာခဲ့သည်။

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဗမာ့လေတပ်မတော် (Burma Air Force) (BAF) ကို စတင်ဖွဲ့စည်း တည်ထောင် ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ ဖွဲ့စည်းခွင့်ပြုခဲ့သော ဗမာ့အပျော်တမ်းလေတပ် ((BVAF) ကို ပြောင်းလဲ ဖွဲ့စည်းလိုက် ခြင်းဖြစ်သည်။ ဖွဲ့စည်းစကာလများအတွင်း ရန်ကုန်နှင့် မှော်ဘီတို့၌ အခြေပြုခဲ့သည်။ ၁၉၅၅ ခုနှစ် နှောင်းပိုင်း တွင် အမှတ်(၅၀၁) လေတပ်အုပ်စု (မှော်ဘီ)နှင့် အမှတ်(၅၀၂) လေတပ်အုပ်စု(မင်္ဂလာဒုံ)တို့ကို ထပ်မံဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ်တွင် လေ့ကျင့်ရေး လေတပ်စခန်းတစ်ခုကို မိတ္ထီလာ၌ဖွဲ့စည်းပြီး တစ်ချိန်တည်းမှာပင် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း(မင်္ဂလာဒုံ)တို့ကို တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် လေ့ကျင့်ရေး လေတပ်စခန်းနေရာ၌ အစားထိုးရန် မိတ္ထီလာတွင် မြေပြင်အတတ်သင်လေတပ်စခန်းနှင့် ရှမ်းတဲတွင် လေကြောင်းအတတ်သင်လေတပ်စခန်းတို့ကို ဖွဲ့စည်းခဲ့ပြီး  မြစ်ကြီးနား၌ အမှတ်(၅၀၃) လေတပ် စခန်းကို အဆင့်မြှင့်တင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဗမာ့ လေတပ်  Burma Air Force (BAF) ကို Myanmar Air Force (MAF)ဟု ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

အမိမြန်မာနိုင်ငံတော်သည် စနစ်တကျဖွဲ့စည်းထားသည့် တပ်မတော်မရှိခြင်း၊ ခေတ်မီ စစ်နည်းဗျူဟာများ တတ်ကျွမ်းမှုမရှိခြင်း၊ ခေတ်မီစစ်လက်နက်ပစ္စည်း မပြည့်စုံခြင်း တို့ကြောင့် တစ်ပါးသူတို့လက်အောက်ကျရောက်ခဲ့ရခြင်းဖြစ်သည်။ တပ်မတော် အကြီးအကဲသည် ကမ္ဘာ့စစ်နည်းဗျူဟာများကိုလေ့လာသည်။ သုံးသပ်သည်။ မိမိနိုင်ငံ ကာကွယ်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) ကို အခိုင် အမာဖွဲ့စည်းသည်။ နိုင်ငံတော်၏အခြေအနေနှင့်ကိုက်ညီသည့်ဘဏ္ဍာရေးဖြင့် စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ပထမနှင့် ဒုတိယကမ္ဘာ စစ်တို့၏ အတွေ့အကြုံအရ မိမိတို့၏နိုင်ငံကိုကာကွယ်စောင့်ရှောက်နိုင်ရေး ကြိုးပမ်းကြ သည်။

စစ်ပွဲတစ်ခု၏အနိုင်အရှုံးကို အဆုံးအဖြတ်ပေးခဲ့သည့် ဖြစ်ရပ်များကို ပြန်လည်ဆန်း စစ်ကြသည်။ ပင်လယ်ရေကြောင်း တွင်စစ်ဆင်နိုင်မှု၊ ရေကြောင်းတိုက်ပွဲတွင်  လေကြောင်းစွမ်းအားအရေးပါမှု၊ ရန်သူကိုရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက် အချိန်တို အတွင်း လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းစွမ်းအား အဓိက ကျမှုနှင့် လေကြောင်း ချီစစ်ဆင်ရေး၏အဓိကကျမှုတို့ကို သိရှိလာကြသည်။ လေကြောင်း ချီစစ်ဆင်ရေးသည် အချိန်တိုအတွင်း၌ ရန်သူ့နယ်မြေအတွင်း အလျင်အမြန် ထိုးဖောက် စစ်ဆင်နိုင်ကြောင်း၊  လိုအပ်သည့်စစ်လက်နက်ပစ္စည်းများအား တစ်ပါတည်း ပို့ဆောင် နိုင်ကြောင်း သိရှိလာခဲ့ကြသည်။ ဤသို့ဖြင့် လေကြောင်းအင်အားအရေးပါမှု ကိုသိရှိလာ သည့် နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင် တို့သည် လေကြောင်းအားသာရေး အခန်းကဏ္ဍကို ဦးစားပေးလုပ်ဆောင်လာကြသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြီးတည်တံ့ခိုင်မြဲရန်နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန်အတွက် လည်း တပ်မတော်အင်အားရှိရမည်။ အဆင့်မြင့်မားသည့် လေကြောင်းစွမ်းအားပိုင်ဆိုင် ရမည်ဖြစ်ပေသည်။

ကျွန်ုပ်တို့တပ်မတော် (လေ)အနေဖြင့် Tiger Moth၊ Auster ၊ Oxford၊  Consul  စသည့်  လေယာဉ်များကိုသာ သုံးစွဲခဲ့ရ သည်။ ပြည်တွင်းသောင်းကျန်းမှုများနှင့် ကျူးကျော်စစ်များ အား နှိမ်နင်းရန်အတွက် တိုက်ခိုက်ရေးလေယာဉ် သီးခြား မရှိ သဖြင့်  မိမိတို့တွင်ရှိသည့် လေယာဉ်များကိုပင် တီထွင်ဖန်တီး၍တိုက်ခိုက်ရေး၌ အသုံးပြုခဲ့ ရသည်။ သယ်ယူပို့ ဆောင်ရေး လေယာဉ်အဖြစ် Oxford ၊ Consul ၊ Bristol တို့ကိုအသုံးပြုခဲ့ရသည်။ ၁၉၅၄ ခုနှစ် နှောင်းပိုင်းတွင် Provost လေယာဉ် များကို အစားထိုးအသုံးပြုခဲ့သည်။

ထို့နောက် Spitfire ၊ Seafire ၊ Vampire T-55 ၊ Sea Fury E နှင့် Lockheed T-33 တို့ကို အားဖြည့်အသုံးပြုခဲ့သည်။  သယ်ယူပို့ဆောင်ရေးလေယာဉ်အဖြစ် Dakota C-47 ၊ Beechcraft D18S နှင့် Fokker F-27 တို့ကို အားဖြည့် အသုံးပြုခဲ့သည်။ တိုင်းပြည်ကာကွယ်ရေး အတွက် PC-6 ၊ PC-7 ၊ PC-9 နှင့် G-4 လေယာဉ်တို့ကိုလည်း အသုံးပြုနိုင်ခဲ့သည်။

တပ်မတော်(လေ) စတင်ဖွဲ့စည်းစဉ်ကာလ ၌ ရဟတ်ယာဉ်များ မရှိခဲ့သော်လည်း  နောက်ပိုင်း၌ သယ်ယူပို့ဆောင်ရေးနှင့်  အထွေထွေသုံးရဟတ်ယာဉ်များအဖြစ်  Bell-47G ၊ Vertol CH-21C  ၊Alouette နှင့် Husky  တို့ကို အသုံးပြု လာနိုင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အားဖြည့်ခဲ့သော လေယာဉ်များမှာ Bell-205 ရဟတ်ယာဉ်များဖြစ်သည်။

ထို့နောက်ပိုင်းတွင်  Bell-206 ၊ Sokol ၊ Mi-2  စသည့်ရဟတ်ယာဉ်များကိုလည်း  အားဖြည့်နိုင်ခဲ့သည်။ လေ့ကျင့်ရေးပိုင်း တွင်လည်း Provost နှင့် Marchetti SF-260 လေယာဉ်များအစား PT-6 လေယာဉ်များဖြင့် အစားထိုးခဲ့သည်။ နိုင်ငံတကာလေတပ်များကဲ့သို့ အဆင့်မြှင့်သင်ကြားပို့ချနိုင်ရေးအတွက် အစဉ်အမြဲ အားဖြည့်ပေးလျက်ရှိရာ လေ့ကျင့်ရေး လေယာဉ်များအဖြစ် Grob-120 TP ၊ Y-12   (သယ်/ပို့လေယာဉ်) နှင့် Y-8 (ဂျက်လေယာဉ်)များ အင်အားဖြည့်တင်း နိုင်ခဲ့ သည်။ တိုက်ခိုက်ရေးလေယာဉ်အဖြစ် အသုံးပြုသည့် F-7 ၊ A-5 နှင့် K-8 လေယာဉ်များနည်းတူ  MiG-29 ၊ Yak-130နှင့် JF-17 စသည့် အဆင့်မြင့်လေယာဉ် များတပ်မတော်(လေ)ကို အင်အားဖြည့်တင်းခဲ့ပြီးဖြစ်သည်။

တပ်မတော်(လေ)အနေဖြင့် နှစ်ပတ်လည်နေ့အခမ်းအနားအား နှစ်စဉ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အင်အားဖြည့်တင်းသည့်လေယာဉ်/ရဟတ်ယာဉ်များ ကိုလည်း တပ်မနော်ဝင် အခမ်းအနားဖြင့် ထိုနေ့၍ပင်ပြုလုပ်ခဲ့ပါသည်။ တပ်မတော်(လေ) အနေဖြင့် စိန်ရတုအလွန်နှစ်များသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ထိုကာလများတွင်း လေကြောင်းစစ်ဆင်မှု များကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပြေပြီး။ ရေပြင်၊မြေပြင် တပ်ဖွဲ့များပူးပေါင်း၍ စစ်ဆင်ရေးများအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ လေကြောင်း ထောက်ပံ့ပို့ဆောင်ပေးမှု၊ရှေ့တန်းစခန်းများသို့ ရိက္ခာနှင့်စစ်လက်နက် ပစ္စည်းများ ပို့ဆောင်ပေးမှုတို့အားထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပေသည်။ တပ်မတော်(ကြည်း)မြေပြင်တပ်ဖွဲ့များနှင့် ပေါင်းစပ်လျက် ရဲဝံ့စွန့်စားစွာတိုက်ပွဲဝင်နိုင်ခဲ့သည်။

 တပ်မတော်(လေ)၏ အောင်မြင်စွာဆောင်ရွက်မှုများဖြင့် တပ်မတော်၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည်။ ယခုအချိန်အခါတွင် တပ်မတော်(လေ)အနေဖြင့် အမောင်းသင်လေယာဉ်၊ ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များအား ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် အားဖြည့် အဆင့်မြှင့် တင်လျက်ရှိပေသည်။ ဒို့တာဝန်  အရေးသုံးပါးဖြစ်သည့် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး”  တို့အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော် ၏အချုပ်အခြာအာဏာနှင့် နိုင်ငံတော်ပိုင်နက်နယ်မြေကိုထိပါးလာပါက အသက်စွန့်ကာကွယ်စောင့်ရှောက်သွားကြမည် ဖြစ်သည်။

အနာဂတ်ကာလတွင် ဝေဟင်မြေပြင်စစ်ဆင်မှု၊ ဝေဟင်ဝေဟင်စစ်ဆင်မှု၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ် တိုက်ခိုက်ခြင်း၊ လက်နက်တပ် ဆင်ပစ်ခတ်ခြင်း၊ ကင်းထောက်ခြင်း၊ ရှေ့တန်းစခန်းများသို့ စစ်လက်နက်ပစ္စည်းများ၊  ရိက္ခာနှင့် ဆေးဝါးပစ္စည်းများပို့ဆောင်ခြင်း၊  ရှာဖွေကယ် ဆယ်ခြင်း၊ လေယာဉ်တင် စစ်ဆင်ရေးများဆောင်ရွက်ခြင်းတို့ကို  ချိန်ကိုက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ် သည်။

တပ်မတော်(လေ)သည် အမိမြန်မာနိုင်ငံတော်၏ပိုင်နက်နယ်ပယ်ဖြစ်သည့် မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်ကို ကာကွယ် စောင့်ရှောက်ရမည်ဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရမည်ဖြစ်သည်။ ထိုသို့ ကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အကြီး အကဲသည် တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့်  ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်အောင်  တည်ဆောက်လျက်ရှိသည်။ တပ်မတော် (လေ)ကိုလည်း ခေတ်မီပြီးထိရောက်သော  လေကြောင်းအာကာသစွမ်းအား ပိုင်ဆိုင်သည့်တပ်မတော်(လေ)နှင့် ကျစ်လျစ်ပြီး  စွမ်းရည် ထက်မြက်သည့် တပ်မတော်(လေ)ဖြစ်စေရန် အလေးထားဖြည့်စွမ်းပေး လျက်ရှိသည်။ တပ်မတော်(လေ)ရှိ လေ သူရဲများ၊ စက်မှုလက်မှုအရာရှိ၊ စက်မှု လက်မှု စစ်သည်များ၊ အီလက်ထရွန် နစ် အရာရှိ၊ စစ်သည်များ၊ အုပ်ချုပ် ထောက်ပံ့မှု အရာရှိ၊ စစ်သည်များအနေ ဖြင့် တပ်မတော်(လေ)၏ ကောင်းမြတ်သော အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက် သွားရမည်ဖြစ်သည်။

ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီးအနေဖြင့်လည်း တပ်မတော်အင်အား တိုးချဲ့အဆင့်မြှင့်တင်မှုများ ပြုလုပ်နေ ကြမည်သာ ဖြစ်သည်။ အနာဂတ်ကာလစစ်ပွဲများမှာ တိုက်ပွဲပုံသဏ္ဌာန်နှင့် နည်း ဗျူဟာများ ကွဲပြားလာနိုင်သည်ကို  ကြိုတင်တွက် ဆထားရမည် ဖြစ်သည်။တိုက်ပွဲများလျင်မြန်မှု၊ ပြင်းထန်မှုများဖြစ်ပေါ်လာနိုင်သည်ကို မှန်းဆလျက် မိမိတို့သည်လည်း ပြင်ဆင်ထားရမည်ဖြစ်သည်။ တပ်မတော်(လေ)အနေဖြင့် လေကြာင်းစစ်ဆင်ရေးမှူးစွမ်းပကားများအား စွမ်းရည်မြင့်မား ထက်မြက်စွာဖြင့် လျင်မြန်ထိရောက်စွာ တုံ့ပြန်စစ်ဆင်နိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်သည်။

တပ်မတော်(လေ)အား ခေတ်မီစွမ်းရည်ထက်မြက်သည့် လေကြောင်းစွမ်းအားပိုင်ဆိုင်သည့် တပ်မတော်(လေ)ဖြစ်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းရေးသားလျက် (၇၆)နှစ်မြောက် တပ်မတော်(လေ) ၇၆)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နှင့် လေယာဉ်/ရဟတ် နှစ်ပတ်လည်နေ့နှင့် လေယာဉ်/ ရဟတ် ယာဉ်များ တပ်တော်ဝင်အခမ်းအနားကို ာဉ်များ တပ်တော်ဝင်အခမ်းအနားဂုဏ်ပြုဖော်ညွှန်း ရေးသားလိုက်ရပါသည်။ ။