MNL ပြိုင်ပွဲတွင် မဟာယူနိုက်တက်အသင်းက GFAအသင်းကို အနိုင်ရရှိ

 

MNL ပြိုင်ပွဲတွင် မဟာယူနိုက်တက်အသင်းက GFAအသင်းကို အနိုင်ရရှိ

 

ရန်ကုန် ဒီဇင်ဘာ ၁၄

    မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၂)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ YUSC အားကစားကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် GFA  အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မဟာယူနိုက်တက်  အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက မဟာယူနိုက်တက် အသင်းက GFA အသင်းကို ထိရောက်သည့်  ဂိုးပေါက်ခြိမ်းခြောက်မှုများဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် သက်နိုင်က လည်းကောင်း၊ ပွဲချိန် ၃၃ မိနစ်တွင် အာကာကျော်က လည်းကောင်း မဟာယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်း အပြီးတွင်  မဟာယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် GFA အသင်း၏ ချေပဂိုးများအတွက် ပြန်လည်ဖိအားပေးမှုများကြောင့်  ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး  ပွဲချိန် မိနစ် ၆၀တွင် သက်နိုင်က ပယ်စနယ်တီမှတစ်ဆင့် မဟာယူနိုက်တက် အသင်းအတွက် တတိယဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ပွဲချိန် ၇၁ မိနစ်တွင် fThawng Tha Thang က GFA အသင်းအတွက်  ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် မဟာယူနိုက်တက်အသင်းက GFA အသင်းကို  သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို  မဟာယူနိုက်တက် အသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းပေးနိုင်ခဲ့သည့် ဝါရင့်တိုက်စစ်မှူး  သက်နိုင်က ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၂)အဖြစ် ဒီဇင်ဘာလ ၁၅ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏအားကစားကွင်း၌ ဒဂုံစတာအသင်းနှင့်  ကချင်ယူနိုက်တက်အသင်း၊ ့ YUSC အားကစားကွင်းတွင် ရခိုင်ယူနိုက်တက် အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။