နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီး ကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ဟု မဟုတ်မမှန် ဝါဒဖြန့် ဝေလျက်ရှိ

 

နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီး ကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ဟု မဟုတ်မမှန် ဝါဒဖြန့် ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန်သတင်းရေးသား၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ်ရှိ အဆိုပါဇေယျသုခ ဘုန်းတော်ကြီး ကျောင်းတွင် ရောက်ရှိနေသည့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု မရှိပါကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။

တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက် လျက်ရှိရာ  ဒေသခံပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ရပ်များကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိပါကြောင်းနှင့် အကြမ်းဖက်အားပေး မီဒီယာများအနေဖြင့် ဒေသခံပြည်သူများ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန် သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။