ဘီးပေါက်၍ရပ်နားထားသောကုန်တင်ယာဉ်အား ခြောက်ဘီးယာဉ်က ဝင်ရောက်တိုက်မိ

နေပြည်တော်၊ ယာဉ်တိုက်မှု

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပဲခူးမြို့နယ် ဘောနတ်ကြီးအမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကားဘီးပေါက်၍ ရပ်နားထားသော ၁၂ ဘီးကုန်တင်ယာဉ်အား ခြောက်ဘီး ကုန်တင် ယာဉ်က ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂/၁)နှင့် (၂၂/၂)အကြား၌ ယာဉ်မောင်း   ထွန်းထွန်းဦး မောင်းနှင်လာသော ယာဉ်အမှတ် MDY-5E/---- MITSUBISHI FUSO ၁၂ ဘီးယာဉ်သည် နောက်ယာဘက်ဘီးတာယာပွင့်ထွက်သွားသဖြင့် ဖြုတ်လဲနေစဉ်လားရာတူအနောက်မှ ယာဉ်မောင်းရှမ်းလေး မောင်းနှင်လာသော ယာဉ်အမှတ့် YGH-8K/----MITSUBISHI CANTER ခြောက်ဘီးယာဉ်ကဝင်တိုက်မိပြီး ယာဉ်မောင်း မှာ ထွက်ပြေးတိမ်းရှောင်သွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းရှမ်းလေးအား ဘောနတ်ကြီးအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ) ၂၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၂၀၂ အရအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(နေပြည်တော်)