၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၇

  National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက် အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာ  လုပ်ငန်းတာဝန် များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့ အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ကျင်းပသည်။

ပထမအဆင့်   အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

 အဆိုပါ(အမျိုးသမီး)ဘောလုံး ပထမ အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲသို့  ဒုတိယ ဝန်ကြီးများဖြစ်ကြသည့်  ဗိုလ်ချုပ်တိုးရီ၊  ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာ ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ် အောက်ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ပထမ အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၈ ရက်(ယနေ့) ညနေ ၃ နာရီ တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍  အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို    အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။