တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

နေပြည်တော် ဒီဇင်ဘာ ၁၇

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၄ ရက်တွင် မိုးကောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ၌    တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၂၁)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ်၂၆၉၇၅၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာလ ၁၅ ရက်တွင် ဝိုင်းမော်မြို့ အမှတ်(၁) ရပ်ကွက်အနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် 25 HPတစ်လုံးထိုး အင်ဂျင်(၃)လုံးအပါအဝင် ဆက်စပ်ပစ္စည်း (၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၀၀၀၀)ကို    မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၆၉၇၅၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဒီဇင်ဘာလ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ   သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်  Guanzhu Ceramic Tile စတုရန်းမီတာ (၃၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄၇၃၇၆၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌     ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် MDF Board  ကီလိုဂရမ် (၅၄၀၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၀၀၇၁၀)ကို လည်းကောင်း၊  မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော   မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ASUS  GAMING LAPTOP (၂)လုံးအပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၁၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် SCANIA Bus (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၂၅၄၃၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာလ ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၌ အခြားသစ်(၁ ဒသမ ၆၉၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၉၈၆)  ကို ဖမ်းဆီးရမိခဲ့ပြီး   သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဒီဇင်ဘာလ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၌ တရားမဝင် ကျွန်းသစ် (သုည ဒသမ ၈၅၁)တန်၊ သစ်မာ (သုည ဒသမ ၁၈၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၃၀၆၀) ကိုလည်းကောင်း၊ သာယာဝတီခရိုင်အတွင်း၌   တရားမဝင် ကျွန်းသစ် (၅ ဒသမ ၃၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၅၆၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၈၆၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်း သန္နေပင်တိုးဂိတ် အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီဒီဇယ်ဆီဂါလန်(၁၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၁၈၀၀)ကိုလည်းကောင်း၊ သာကေတမြို့နယ်     ဧရာဝဏ်လမ်း ကျောက်တိုင်မှတ်တိုင် အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်စက်သုံးဆီဒီဇယ်ဆီ ဂါလန်(၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၁၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာလ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့်၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၀၉၃၅၀၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။