တောင်ငူနှင့် မရမ်းကုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဒီဇင်ဘာ ၁၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက် ညနေ ၃ နာရီခွဲတွင် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကျုံးပတ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စည်သူလင်းကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ညီညီထွန်းကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။