ဘရိုက်တန်အသင်းကို အနိုင်ရရှိသည့် အာဆင်နယ်အသင်း ယခုဘောလုံးရာသီ အိမ်ကွင်း၌ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကောင်း တစ်ရပ်ပြန်လည်ရရှိ

 

ဘရိုက်တန်အသင်းကို အနိုင်ရရှိသည့် အာဆင်နယ်အသင်း ယခုဘောလုံးရာသီ အိမ်ကွင်း၌ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကောင်း တစ်ရပ်ပြန်လည်ရရှိ

 

    ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၇) အဖြစ် ကစားသည့်  အာဆင်နယ်အသင်းနှင့်   ဘရိုက်တန်အသင်းတို့ ပွဲစဉ်တွင် အာဆင်နယ်အသင်းက အိမ်ကွင်း၌  ၂ ဂိုး- ဂိုး မရှိဖြင့်  အနိုင်ရရှိသည့်အတွက်  ယခုဘောလုံးရာသီ အိမ်ကွင်း၌ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် ရှုံးပွဲမရှိသည့် မှတ် တမ်းကောင်းတစ်ရပ်ကို  ပိုင်ဆိုင်နိုင်ခဲ့ကြောင်း  သိရသည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် အက်စ်တွန် ဗီလာအသင်းနှင့် ပွဲစဉ်တွင် ရှုံးပွဲတွေ့ကြုံပြီးနောက် အမှတ်ပေးဇယား အဆင့်(၁)နေရာမှ ဆင်းပေးခဲ့ရသော် လည်း  ဘရိုက်တန်အသင်းကို  အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယား အဆင့်(၁)နေရာသို့ ပြန်လည်တက် လှမ်းနိုင်သကဲ့သို့  ၂၀၁၈ ခုနှစ်က  မှတ်တမ်းကောင်း တစ်ရပ်ကိုလည်း     ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည်   ၂၀၁၈ ခုနှစ်က  အိမ်ကွင်း  အမ်းမရိတ်အားကစားကွင်း၌ ကစားသည့်ပွဲစဉ်များ တွင် ၁၂ ပွဲဆက်  ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ပြီး နောက်ပိုင်း   ယခုဘောလုံးရာသီ  အိမ်ကွင်း၌ ပြိုင်ပွဲစုံ ၁၂  ပွဲတွင် ၁၀ ပွဲအနိုင်ရရှိခဲ့ကာ  နှစ်ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘရိုက်တန်အသင်းနှင့် အာဆင်နယ်အသင်းတို့ ကစားသည့် ပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်  တိုက်စစ်ကစားသမား  ဂျီးဆပ်သည်လည်း  ၎င်းဂိုးသွင်းယူနိုင်သော ပွဲစဉ်များတွင်   ရှုံးပွဲမရှိသည့် မှတ်တမ်း ရရှိခဲ့ကြောင်း သိရသည်။