MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ် (၅) ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား
ရန်ကုန် ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူး ကျင်းပသည့် MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၅)ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့ရှိ MFF Fustal Stadium ၌ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၅)ပွဲစဉ်များ အဖြစ် နံနက် ၈ နာရီတွင် Linn Latt FC အသင်းနှင့် Dream Team FC အသင်းတို့ ကစားခဲ့ရာ Linn Latt FC အသင်းက ၆ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် Let Wei Thone Nara အသင်းနှင့် MIU FC အသင်းတို့ ကစားခဲ့ရာ MIU FC အသင်းက ၈ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ နံနက် ၁၁ နာရီခွဲတွင် Futsal Chit Thu အသင်းနှင့် VUC FC အသင်းတို့ ကစားခဲ့ရာ VUC FC အသင်းက ၅ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် M2K FC အသင်းနှင့် Winner Soccer အသင်းတို့ ကစားခဲ့ရာ နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ညနေ ၃ နာရီတွင် Futsal 19 FC အသင်းနှင့် Generations FC အသင်းတို့ကစားခဲ့ရာ Generations FC အသင်းက ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၅)ပွဲစဉ်များ အပြီးတွင် VUC FC အသင်းက ရမှတ် ၁၅ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံးမှ ဆက်လက် ဦးဆောင်လျက်ရှိနေကြောင်း သိရသည်။