တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၉

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ ၇၃ လမ်း ၁၁၈ x ၁၁၉ လမ်းကြားရှိ GI  ကားဂိတ်၌  တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  Lenovo Intel Laptop 18 ၁၈ လုံးအပါအဝင် ကုန်ပစ္စည်း ၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၂၀၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာလ ၁၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ပုဗ္ဗသီရိမြို့နယ်  ရွာတော်ကျေးရွာ၌  လိုင်စင်မဲ့ Nissan Elgrand မော်တော်ယာဉ် ၁ စီးနှင့် Mitsubishi Elardis မော်တော်ယာဉ် ၁ စီး စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဒီဇင်ဘာလ ၁၈  ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်၌ တရားမဝင် အခြားသစ် ၁၁ ဒသမ ၅၆၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၅၄၇၀) နှင့်  Kamax သုံးဘီးမော်တော်ဆိုင်ကယ် ၁ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) ကို လည်းကောင်း၊ သရက်ခရိုင်  မင်းလှမြို့နယ်၌ တရားမဝင် အခြားသစ် သုည ဒသမ ၅၃၄ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၂၀၀)  ကိုလည်းကောင်း၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့၌ အခြားသစ် ၂ ဒသမ ၄၂၁ တန်  (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၁၆၄၀၂၆)ကိုလည်းကောင်း၊ မကွေးခရိုင် နတ်မောက်မြို့နယ်နှင့်  တောင်တွင်းကြီး မြို့နယ်တို့၌ အခြားသစ် ၁ ဒသမ ၂၄၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၆၇၄)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၇၃၃၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာလ  ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်း အဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်  စခတ(၈)ပူးပေါင်း စစ်ဆေးရေးဂိတ်၌    တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Volvo  အမျိုးအစား စက်ယန္တရားယာဉ် ၂ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀၀)ကို လည်းကောင်း၊  ကန့်ဘလူမြို့နယ် အတွင်း၌   လိုင်စင်မဲ့   Molisa  125မော်တော်ဆိုင်ကယ် ၁ စီးနှင့် INXINAG  125 မော်တော်ဆိုင်ကယ် ၁ စီး (ခန့်မှန်းတန်ဖိုး  ငွေကျပ်  ၄၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၄၀၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂၃၇၃၃၇၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။