ဝါးခယ်မမြို့တွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် လုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီးပုံမှန် ပေးလျက်ရှိပြီး အခြားမြို့တွင်းရပ်ကွက်များကို အလှည့်ကျမီးပေးနေကြောင်း သတင်းတု၊ သတင်းအမှားရေးသားဖြန့်ဝေလျက်ရှိ

 

ဝါးခယ်မမြို့တွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် လုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီးပုံမှန် ပေးလျက်ရှိပြီး အခြားမြို့တွင်းရပ်ကွက်များကို အလှည့်ကျမီးပေးနေကြောင်း သတင်းတု၊ သတင်းအမှားရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၊ စီးပွားရေး ဆိုင်ရာ လုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီးပုံမှန်ဖြန့်ဝေပေးပြီး အခြားမြို့တွင်းရပ်ကွက် များကို အလှည့်ကျမီးပေးသည့်ပုံစံဖြင့် ပေးဝေလျက်ရှိကြောင်း  သတင်းတု၊ သတင်း မှားများကို ပြည်ဖျက်မီဒီယာ Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်းများ အပါအဝင် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုဆိုင်ရာ ရုံး၊ ဌာများကို လျှပ်စစ်မီးပုံမှန် ပေးဝေ လျက်ရှိပြီး အခြားနေရာများသို့လည်း အလှည့်ကျစနစ်ဖြင့်ပေးဝေလျက်ရှိကြောင်းနှင့် မည်သည့် ပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များကိုမှ ငွေကြေးတောင်းခံ၍ လျှပ်စစ်မီး ပေးဝေနေခြင်း မရှိကြောင်း  ဝါးခယ်မမြို့နေ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူလု၏ လူမှုစီးပွားဘဝ ထိခိုက် စေရန်နှင့်ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အား ပေးဝေမှုဆိုင်ရာ အဆောက်အဦများ၊ လျှပ်စစ်တာဝါတိုင်များကို မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်းများကြောင့် အချို့မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား လျော့နည်း၍ အလှည့်ကျပေးဝေနေရခြင်းအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။