PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိ

PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၂၁ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ယနေ့နံနက် ၉ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများသည် လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ဆုတ်ခွာထွက်ပြေး သွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင်ဘက်မီတာ ၁၁၀၀ ခန့်အကွာမှ လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (ခ)ရပ်ကွက်၊ အောင်ချမ်းသာဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်း လျားသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက လောင်းလုံးမြို့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။

ထိုသို့ အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင် ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဒေသခံပြည်သူများမှ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။