PDF အမည်ခံအကြမ်းဖက်သမားများက ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ ဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရရှိ

PDF အမည်ခံအကြမ်းဖက်သမားများက ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ ဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ၌ ကိုးနဝင်းဘုရား ပွဲပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ ဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်တွင် PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးသည် ကော့ကဒွတ်ရွာဘက်မှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဘောလုံးကွင်းတောင်ဘက် မီတာ ၅၀ ခန့်အကွာမှ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား တောင်စွန်းလူမှုကူညီ ကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။