စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့က ဒေသခံ တစ်ဆယ်ဦးကျော်ကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့်ပြန်ရွေးခိုင်းသည်ဟု သတင်းတု၊ သတင်းအမှားရေးသားဖြန့်ဝေလျက်ရှိ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့က ဒေသခံ   တစ်ဆယ်ဦးကျော်ကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့်ပြန်ရွေးခိုင်းသည်ဟု သတင်းတု၊ သတင်းအမှားရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၂၄

    စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်တန်းရွာအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းတွင်  ဝင်ရောက်ကာ ဒေသခံတစ်ဆယ်ဦး ကျော်ကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့့် ပြန်ရွေးခိုင်းသည်ဟု Delta News Agency က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျေးရွာအတွင်း အကြမ်းဖက်သမားများ ဝင်ရောက်မှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင်  ကျောက်တန်းရွာသို့ ဝင်ရောက်ရှာဖွေရာ ဖောက်ခွဲဖျက်ဆီးမှုနှင့် ပတ်သက်သည့် ပစ္စည်းအချို့ သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် ဒေသခံများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

   လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက် အားပေးမီဒီယာများမှ ဖြစ်စဉ်၊ ဖြစ်ရပ်များကို အခြေခံ၍ မိမိတို့လိုရာ ဖန်တီးရေးသားပြီး ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွှဲမှားစေရန် ရည်ရွယ် ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။