မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အမြောက်တပ် (၃၁၀)မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားကို လက်နက်ငယ်၊ ၄၀မမဖြင့် ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အမြောက်တပ် (၃၁၀)မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားကို လက်နက်ငယ်၊ ၄၀မမဖြင့် ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဒီဇင်ဘာလ ၂၄ ရက်

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အမြောက်တပ် (၃၁၀)မှ တပ်ဖွဲ့ဝင် ၄ ဦး လိုက်ပါလာသောကားကို ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက သိမ်ဇရပ်မြို့ အမှတ်(၁)ရပ်ကွက်၊ ရွာလေးရွာ၊ စက်ပစ်ကွင်းသို့သွားသော လမ်းထိပ်တွင် အကြမ်းဖက် သမားများက လက်နက်ငယ်၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ KhitThit က လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ ပါသည်။

     ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက သိမ်ဇရပ်မြို့တွင် နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  အကြမ်းဖက်သောင်းကျန်းသူများမှ ထိခိုက်ဒဏ်ရာ များရရှိခဲ့ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက် အရ သိရှိရပါသည်။

  ထိုသို့ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည့် တရားမဝင်ပြည်ဖျက်မီဒီယာ၊ အကြမ်းဖက်အားပေးမီဒီယာ KhitThit သည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများကို အခြေခံ၍ နိုင်ငံတွင်းတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်၊ တပ်မတော်နှင့် ပြည်သူများက အထင်အမြင်လွှဲမှားစေရန် လုပ်ကြံ သတင်းများရေးသားပြီး သတင်းအဆိပ်ခတ်နေခြင်းသာဖြစ်ကြောင်းသတင်းရရှိပါသည်။