မြိတ်မြို့၊ သီတဂူဇီဝိတစက္ခုဒါနဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရူအားပေး

 

မြိတ်မြို့၊ သီတဂူဇီဝိတစက္ခုဒါနဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရူအားပေး

နေပြည်တော်၊ ၂၀၂၃  ဒီဇင်ဘာ - ၂၅
         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ သီတဂူဇီဝိတစက္ခုဒါနဆေးရုံတော်၌ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလောနှင့် ဘုတ်ပြင်းမြို့တို့မှ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိရောဂါနှင့်ပက်သက်၍ ဒီဇင်ဘာလ ၂၃ ရက်မှ စတင်၍ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင် နိုင်ငံတော်ဩဝါဒစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ Ph.D.D.Litt သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ မျက်စိရောဂါကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ စုစုပေါင်း လူနာ(၄၇၅) ဦးအား ကုသပေးနိူင်ခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်ထိ ဆက်လက်ကုသပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။