၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင် လူရွေးချယ်ရေးပြိုင်ပွဲ ကျင်းပ

 

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင် လူရွေးချယ်ရေးပြိုင်ပွဲ ကျင်းပ

 

နေပြည်တော်  ဇွန်  ၂၇

    ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်   မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင် လူရွေးချယ်ရေးပြိုင်ပွဲကို  ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ   အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပရာ   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူများ   တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား၊ အမျိုးသမီး) ဝိတ်တန်းများအလိုက် အမြန်မနှင့် နှစ်ဆင့်မ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အလေးမ အားကစားသမား အမျိုးသားငါးဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်းအားကစားသမား ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံကြသည်။

အမျိုးသား(+၈၉)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းနိုင်ထွန်းက  နှစ်ဆင့်မစံချိန်(၁၇၆)ကီလိုဖြင့် မြန်မာပြည်စံချိန်(၁၇၅)ကို ကျော်လွန်၍ စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။